
Advertise on podcast: Summer Kites
Rating
5from
This podcast has
26 episodes
Language
EnglishPublisher
Summer KitesExplicit
No
Date created
2021/06/07
Latest episode
2022/05/09
Average duration
3 min.
Release period
17 days
Description
ဒီနွေမှာ တွန်းနေတဲ့ တော်လှန်ရေးရှိတယ်၊ ဖတ်ဖြစ်တဲ့ကဗျာတွေရှိတယ်၊ ပြီးတော့ လွင့်သွားတဲ့ စွန်တွေရှိတယ်။
Unlock Summer Kites podcast Email contact info,
Listeners & Audience details
Email contact information
Direct podcast contact details

Listeners
Audience numbers & engagement insights

Audience details
Podcast Insights

Podcast episodes
Check latest episodes from Summer Kites podcast
ဂျပုရဲ့မိန့်ခွန်း - မောင်ဖီလာ
2022/05/09
Collab series "X" ရဲ့ track no. 13 ပါ။ ဆရာမောင်ဖီလာရဲ့ ဂျပုရဲ့မိန့်ခွန်း ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Hein Tay Za ဖြစ်ပါတယ်။
Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် [email protected] ကို အသံ sample file ပို့လို့ရပါတယ်
-----
ဂျပုရဲ့မိန့်ခွန်း (မောင်ဖီလာ)
သူ မိန့်ခွန်းပြောနေတယ် . . .။
ခွေးပါးစပ်ထဲ ဝါးလုံးခြောက်ထိုးထည့်ပြီး ခလောက်နေသလို
သူ မိန့်ခွန်းပြောနေတယ် . . .။
မီးလောင်သလို အခန်းထဲပတ်ပြေးနေတဲ့
နှိုးစက်သံအတိုင်း သူ မိန့်ခွန်းပြောနေတယ် . . .။
သူ့မိန့်ခွန်းပြောသံကို ငါ ဆောင့်နင်းချလိုက်တယ် . . .။
သူ့မိန့်ခွန်းပြောသံဟာ ချာလပတ်လည်ထွက်သွားပြီး
နိုင်ငံတော်အလံရှေ့မှာ မှောက်လျက်လဲသွားတယ်. . .။
မိန့်ခွန်းပြောသံဟာ နိုင်ငံတော်အလံကို မော့ကြည့်တယ် . . .။
ဒီအလံတော်ကို သူ မကြည်ညိုခဲ့ဘူး
သူတို့ကိုယ်တိုင်အသွင်ပြောင်းထားတဲ့ ဒီစပ်ဖြဲဖြဲအလံကို သူ မလေးစားဘူး။
မိန့်ခွန်းပြောသံဟာ ကယိမ်းကယိုင် မတ်တတ်ထရပ်တယ်
တဆတ်ဆတ်တုန်ယင်နေတဲ့ ဒူးဆစ်တွေနဲ့ မတ်တတ်ထရပ်တယ် . . .။
မိန့်ခွန်းပြောသံဟာ ဘေးဘီဝဲယာကို စောင်းကြည့်တယ် . . .။
နယ်ဆင်မင်ဒဲလားရဲ့ မိန့်ခွန်းပြောသံ
ချေဂွေဗားရားရဲ့ မိန့်ခွန်းပြောသံ
အေဗရာဟင်လင်ကွန်းရဲ့ မိန့်ခွန်းပြောသံ
ဖီဒယ်ကက်စထရိုရဲ့ မိန့်ခွန်းပြောသံ
မဟတ္တမဂန္ဒီရဲ့ မိန့်ခွန်းပြောသံ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းပြောသံ
အဲ့ဒီအသံတွေဟာ သူ့ရှေ့မှာ မားမားမတ်မတ်ရပ်နေကြတယ် . . .။
ဂျပုရဲ့ မိန့်ခွန်းပြောသံဟာ
အဲဒီမိန့်ခွန်းတွေကို သိမ်ငယ်တဲ့မျက်လုံးတွေနဲ့ ငေးကြည့်နေတယ်။
မိန့်ခွန်းပြောသံထဲ သပိတ်တပ်တွေ ချီတက်ပြီး ဝင်သွားတယ်။
မိန့်ခွန်းပြောသံက သံဆူးကြိုးခွေတွေ ထွေးထုတ်လိုက်တယ်။
ပေါက်ပြဲ ရိကျနေတဲ့ မိန့်ခွန်းပြောသံ
ကျည်ဆံပူပူတွေကို ငုံထားတဲ့ မိန့်ခွန်းပြောသံ
မိန့်ခွန်းပြေ
နွေဦးကဗျာ - အောင်ခင်မြင့်
2022/04/21
Collab series "X" ရဲ့ track no. 12 ပါ။ ဆရာအောင်ခင်မြင့်ရဲ့ နွေဦးကဗျာ ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ မုရန်လင်း(Myrrhlynn) ဖြစ်ပါတယ်။
Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် [email protected] ကို အသံ sample file ပို့လို့ရပါတယ်
--------
နွေဦးကဗျာ (အောင်ခင်မြင့်)
နွေဦးကို ဖမ်းဆီးချုပ်နှောင်တဲ့အခါ
ပျံလွှားတွေ ဖြစ်သွားတယ်
ပျံလွှားတွေကို ဖမ်းဆီးချုပ်နှောင်တဲ့အခါ
ကြွေးကြော်သံတွေ ဖြစ်သွားတယ်
ကြွေးကြော်သံတွေကို တိတ်ဆိတ်ခိုင်းတော့
ရှုခင်းတွေ ဖြစ်သွားတယ်
ရှုခင်းတွေကို ဖုံးအုပ်ဖျောက်ဖျက်တဲ့အခါ
မျက်လုံးတွေ ဖြစ်လာတယ်
မျက်လုံးတွေကို အတင်းမှိတ်ခိုင်းတဲ့အခါ
အိပ်မက်တွေ ဖြစ်လာတယ်
ငါတို့ကို မအိပ်ခိုင်းတော့ အိပ်မက်တွေဟာ
လမ်းပြမြေပုံတွေ ဖြစ်လာတယ်
ငါတို့မြေပုံတွေကို ဖျက်ဆီးပစ်တဲ့အခါ
မှတ်ဉာဏ် ဖြစ်လာတယ်
မှတ်ဉာဏ်တွေကို ဖျောက်ဖျက်ပစ်တဲ့အခါ
လမ်းတွေ ဖြစ်လာတယ်
လမ်းတွေကို ပိတ်ဆို့တားဆီးပစ်ပြန်တော့
ခြေထောက်အပိုတွေ ဖြစ်လာတယ်
ခြေထောက်တွေကို ရိုက်ချိုးပစ်တဲ့အခါ
အတောင်ပံတွေ ဖြစ်လာတယ်
တောင်ပံတွေကို ညှပ်ပစ်တဲ့အခါ
လေပြေလေညင်း ဖြစ်လာတယ်
လေပြေကို ဖမ်းဆီးချုပ်နှောင်လိုက်တော့
မုန်တိုင်း ဖြစ်သွားတယ်
မုန်တိုင်းကို အကျဉ်းချလိုက်တဲ့အခါ
မုန်တိုင်းရဲ့သားတော်တွေ မွေးဖွားလာတယ်
အဲဒီမုန်တိုင်းရဲ့သားတော်တွေဆိုတာ
ငါတို့ရဲ့ ဝင်သက်ထွက်သက်လေပဲ
ငါတို့ အသက်ရှုသွင်းရှုထုတ်လိုက်တိုင်း
ဝင်လိုက်ထွက်လိုက် ပျံလွှားငှက်တွေပဲ
- အောင်ခင်မြင့်
ဘိုနီပျော်လား - ဘုန်းမောင်(မန္တလေး)
2022/03/16
ဘိုနီပျော်လား
_____________________
ကမ္ဘာက ဆစ်ချပြီးပြီ
ကမ္ဘာကြီး စစ် ကျ တော့မယ်
ဘိုနီ မင်း ပျော်လား
(အရည်ပျော်ကျနေတဲ့
အပြုံးအသေကို ငါတို့ လုသောက်ရတဲ့ နေ့တွေ)
" မောင့်လပြည့်ဝန်း " ကိုလည်း ငါ ရတယ်
" ဝေးများဝေးရင် " ကိုလည်း ငါ ရတယ်
လမ်းဘေးအုတ်ခုံပေါ်က
လွမ်းစရာ ညတွေကို ငါတို့ ပြန်မရတော့ဘူး
ငါတို့က
ဖီလင်ကို ကျစိမ့်ထဲထည့်ပြီးမှ
စီးကလက်ကို မီးညှိတယ်
တချို့က စီးကလက်ကို ဖွာရှိုက်ပြီးမှ
ငါတို့ ဘဝတွေကို မီးညှိပစ်တယ်
မင်း အခု လက်ဖက်ရည်ဆိုင်ထဲမှာ
ပျော်စရာကောင်းလား ဘိုနီ
(အရည်ပျော်ကျနေတဲ့
အပြုံးအသေကို ငါတို့ လုသောက်ရတဲ့ နေ့တွေ)
လက်နှိပ်စက်ထဲက စာရွက်ကလေး တစ်စောင်နဲ့
တီဗီဖန်သားပြင်ပေါ်က
ရယ်စရာအတုတွေကို ကြည့်ရတာ
မင်း ပျော်လား ဘိုနီ
မြေကြီးပေါ်ကို အနာဂတ်လို့ ချရေးလိုက်ပါ
နောက်ဆို ငါတို့ ပျော်ရမှာ။ ။
ဘုန်းမောင် (မန္တလေး)
၂၈ ၊ ၂ ၊ ၂၀၂၂
နိုင်ငံတော်သီချင်း - ၅ (အောင်ခင်မြင့်)
2022/03/08
Collab series "X" ရဲ့ track no. 11 ပါ။ ဆရာအောင်ခင်မြင့်ရဲ့ နိုင်ငံတော်သီးချင်း - ၅ ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Seint Luu ဖြစ်ပါတယ်။
Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် [email protected] ကို အသံ sample file ပို့လို့ရပါတယ်။
———
နိုင်ငံတော်သီချင်း-၅
ဖုံးထားတဲ့အဝတ်ဖြူ ကိုဖယ်လိုက်တော့
ရုပ်ပျက်ဆင်းပျက်သေဆုံးနေတဲ့ နိုင်ငံတော်
ကျီးပြိုတယ်
လျှပ်စီးတွေလက်တယ်
လေမတိုက်ပဲသစ်ရွက်တွေလှုပ်တယ်
သွေးသားဆန္ဒမရှိတော့တဲ့
ဌက်လှောင်အိမ်ထဲကလူတွေ
ရှင်ခြင်းရဲ့အမှတ်တရ
လက်ကောက်ဝတ်ပေါ်ကအမာရွတ်တွေ
မေတ္တာသုတ်ရွတ်နေတဲ့
ဓာတ်ငွေ့ကာမျက်နှာဖုံးနဲ့ဘုန်းကြီးတွေ
နှိပ်စက်မှုကိုမခံနိုင်တဲ့အဆုံး
တိမ်တွေက နေမင်းကြီးပုန်းနေတဲ့နေရာကို
ဖွင့်ပြောပြလိုက်တယ်
နှုတ်ခမ်းထောင့်စွန်းကသွေးတွေဟာ
အသက်ရှိနေသလိုပူနွေးနေဆဲ
သင်၏ တမလွန်ဘဝကနိုင်ငံတော်။
အောင်ခင်မြင့်
အလှဆုံးခေတ် - ကြည်ဇော်အေး
2022/02/13
အလှဆုံးခေတ်
အကျဉ်းကျနေတဲ့နေရောင်အောက်မှာ
အသက်ရှူရတာကအစ မလွတ်လပ်
လေဟာ
မောပမ်း
မြေဟာ
နွမ်းနယ်
ဝေးကွာခြင်းဟာ
မီးရထားသံလမ်းများကို
အရည်ပျော်ကျသွားစေတယ်
စစ်ကြီးပြီးရင်
ခန်းစီးအသစ်တွေလဲကြမယ်
ပျော်စရာကောင်းတဲ့
ဖျော်ရည်တွေသောက်ကြမယ်
ဘုရားစင်ပေါ်မှာ
အလှဆုံးနှင်းဆီပန်းတွေ ပူဇော်ကြမယ်
တောင်းရမယ့်ဆုက
ချစ်သူများသာ အဓွန့်ရှည်ပါစေ။
ကြည်ဇော်အေး
မိုးတွေရွာတဲ့တစ်နေ့ - မိုဃ်းဇော်
2021/12/18
Collab series "X" ရဲ့ track no. 9 ပါ။ ဆရာမိုဃ်းဇော်ရဲ့ မိုးတွေရွာတဲ့တစ်နေ့ ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Ar.plar ဖြစ်ပါတယ်။
Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် [email protected] ကို အသံ sample file ပို့လို့ရပါတယ်။
———
မိုးတွေရွာတဲ့တစ်နေ့
မိုးတွေရွာတဲ့တစ်နေ့မှာ
အားလုံးကို သူ့နေရာသူ ပြန်ထားလိုက်တယ်။
ထရိတ်ဒါးဟိုတယ်မှာ
ပပဝင်းရုပ်ရှင်ရုံကို ပြန်ထားလိုက်တယ်။
ဆူးလေဘုရားလမ်းမှာ
နယူးရောင်စိန်ကဖီးကို ပြန်ထားလိုက်တယ်။
ဗိုလ်ချုပ်လမ်းမှာ
တာဝှာဘားကို ပြန်ထားလိုက်တယ်။
ဆေးရုံကြီး ရေခဲတိုက်တစ်ဖက်မှာ
လေဟာပြင်စျေးကို ပြန်ထားလိုက်တယ်။
ခရစ်လမ်းမှာ
မင်းသားကြီး ဦးဘချစ်ကို ပြန်ထားလိုက်တယ်။
ဗိုလ်တထောင်ဘုရားပွဲမှာ
မြို့တော်သိန်းအောင်ကို ပြန်ထားလိုက်တယ်။
ခန့်ခန့်ကြီး ဓာတ်ပုံတိုက်မှာ
လောကကြီးဆိုတာ ဘာမှန်းမသိသေးတဲ့
၁၀နှစ်သား ကောင်လေးကို ပြန်ထားလိုက်တယ်။
ဧည့်ခန်းက ကြိမ်ကုလားထိုင်ပေါ်မှာ
စာအုပ်တစ်အုပ်၊ မျက်မှန်တစ်လက်နဲ့
အဖေ့ကို ပြန်ထားလိုက်တယ်။
ဘုရားစင်အရှေ့မှာ
အမေ့ကို ပြန်ထားလိုက်တယ်။
ဦးထုပ်ငိုက်ငိုက် ဆောင်းထားတဲ့
မှောင်မိုက်တဲ့နေရက်များ
အားလုံးကို သူ့နေရာသူ ပြန်ထားပြီး
မိုးရေထဲကို ကျွန်တော် လှမ်းထွက်လိုက်တယ်။ ။
မိုဃ်းဇော်
ငုယင်ဗန်ထရွိုင်းညနေ - မိုဃ်းဇော်
2021/12/04
Collab series "X" ရဲ့ track no. 9 ပါ။ ဆရာမိုဃ်းဇော်ရဲ့ ငုယင်ဗန်ထရွိုင်းညနေ ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Saw Mu Khukalu ဖြစ်ပါတယ်။
Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် [email protected] ကို အသံ sample file ပို့လို့ရပါတယ်။
----
ငုယင်ဗန်ထရွိုင်းညနေ
သက်သောင့်သက်သာဖြစ်မှုအတွက်
ရန်သူကို အညံ့ခံခဲ့တဲ့ စာရင်းထဲမှာ
သင် မပါဝင်ခဲ့ဘူး ။
နာကျင်မယ်မှန်းသိရက်နဲ့
ရှေ့ဆက်တိုးဝံ့သူများရှိခဲ့ရင်
ရေဆုံးရေဖျား
ဇွဲကောင်းသူများရှိခဲ့ရင်
သေမင်းကတောင်
ဒူးတုန်ရသူများရှိခဲ့ရင်
အဲ့ဒီ အမည်စာရင်းထဲမှာ
သင်ပါဝင်ခဲ့ပေရဲ့ ။
ဗီယက်နမ်က
တောက်ပတဲ့ကျောက်မျက်ရတနာ
` ငုယင်ဗန်ထရွိုင်း ´
သင်နောက်ဆုံးဟစ်ကြွေးခဲ့တဲ့အသံဟာ
၁၉၆၄၊အောက်တိုဘာက ရေတွက်ရင်
နှစ်ပေါင်း (၄၁) နှစ်တိုင်ခဲ့ပြီ။
(၄၁) နှစ်ဆိုတဲ့ကာလဟာ
မေ့လျော့ခံရဖို့ရာ လုံလောက်ပေမယ့်
ကျွန်တော့်အသည်းနှလုံးထဲမှာတော့
သင့် တေးသံဟာ
ပဲ့တင်ထပ်နေဆဲပါလေ။
နှင်းတွေဝေနေတဲ့
အကျဉ်းထောင် ဘောလုံးကွင်းထဲမှာ
(လက်မရွံ့တပ်ဖွဲ့က)
သင့်ကို ပစ်သတ်တော့မယ့်ဆဲဆဲ
" သေရမှာ ဝမ်းမနည်းဘူးလား " လို့
သတင်းထောက်တစ်ဦးက မေးမြန်းတော့
တုန်လှုပ်ခြင်းကင်းမဲ့တဲ့ သင်ဟာ
" အမေရိကန်ကာကွယ်ရေးဝန်ကြီး 'မက္ကနာမားရား'ကို
မလုပ်ကြံနိုင်တာကိုပဲ ကျွန်တော်ဝမ်းနည်းပါသတဲ့" ။
ကာဘိုင်သေနတ်ပြောင်းများရှေ့မှောက်မှာ
အဖတိုင်းပြည်ကို နောက်ဆုံးကြည့်ရှုဖို့
မျက်လုံးပေါ်စည်းထားတဲ့အဝတ်ကို
သင် ဆွဲချွတ်ပစ်ခဲ့တယ် ။
အစတေးခံရတော့မယ့်
မိနစ်ပိုင်းကလေးမှာတောင်
တည်ငြိမ်ရင့်ကျက်လွန်းနေတဲ့
သင့်ဓာတ်ပုံကိုကြည့်ရင်း
မြတ်နိုးလေးစားစိတ်နဲ့
ကျွန်တော် မှင်တက်မိပေါ့။
ဘယ်အကြောင်းတရားကများ
သင့်နှလုံးသားထဲကို
ဒီလိုမျိုးတန်ခိုးစွမ်းပကားတွေ
ထည့်သွင်းပေးထားသလဲလို့
စေ့ငုမိတယ်။
'
ဒီနေ့လည်း ဗလာပဲလားအစ်ကို - ကိုသျှား
2021/11/27
Collab series "X" ရဲ့ track no. 8 ပါ။ ဆရာ ကိုသျှားရဲ့ ဒီနေ့လည်း ဗလာပဲလားအစ်ကို ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Sitt Naing ဖြစ်ပါတယ်။
Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် [email protected] ကို အသံ sample file ပို့လို့ရပါတယ်။
——
ဒီနေ့လည်း ဗလာပဲလားအစ်ကို
မေးလို့သာ မေးလိုက်ရတာ၊ ကမ္ဘာမကျော် ဘာမကျော်ဆိုတော့ မြန်မာကျော်တစ်ယောက်
ဒုက္ခတွေ ရန်ကုန်ဝေနေတော့မှာ။ပြန်စရာအိမ်မရှိတာထက် ပြန်စရာစရိတ်မရှိတာက
ပိုကြေကွဲဖို့ ကောင်းနေ။
ခြင်္သေ့တို့မည်သည် မည်မျှပင်ဆာလောင်နေစေကာမူ မြက်ကိုမစား။ ဘယ်လိုလုပ်ကြမလဲ။
ခေါင်းမာမှုက အရည်ဖျော်သောက်လို့ မရ။ ဘယ်ပျော်ပါ့မလဲ။ မင်း ဒီလောက်ရေးအားကောင်းနေတာ
ငါ့ကို ကဗျာခုနှစ်ပုဒ်လောက် ချေးစမ်းကွာ။ ဟုတ်တာပေါ့ . . . ဒုက္ခကို မျှချိုနိုင်မယ့်ကောင်မလေး
မရှိတာလည်း အသည်းကွဲခြင်းတစ်မျိုးပဲ။
နိုင်ငံပိုင်မီးရထားကြီး စီးဖို့ လက်မှတ်ကို ပြည်တွင်းဖြစ်ကဗျာဆရာတစ်ယောက် ကိုယ်ကျင့်တရားနဲ့
၀ယ်ယူရန် သင့်/မသင့်?ဂျက်လန်ဒန်က သူ့သမိုင်းနဲ့သူ၊ ကိုယ့်ဘဝနဲ့ကိုယ့်အကြောင်းက ခြေရာတွေ
လမ်းကို ဖုံးတယ်။ လေနှင်တဲ့ဆီ ပြေးးးးးးးးးးးးးးးးးးးးးးးးး
ချဉ်ချဉ်တူးတူး မူးပြီးရော တစ်ယောက်မှ မပါ၊ကောင်တာဖောက်မယ်၊ ဂိုးသွင်းမယ်။ ကျရာစွဲလောင်ဖို့
အရာရာ အရန်သင့် သွေးရဲ။ သောက်နေကျအိပ်မက်ရဲ့အဖုံးတွင်းကံစမ်းမဲကို မှော်ဆရာလို ပွတ်ဆွဲ။
ဘယ်လောက်လဲ!ဘယ် လောက် လဲ!!ဘယ် လောက် တဲ့ လဲ!!! အဲဒီလို ကိုယ့်နားရွက်ကိုယ် ဗန်ဂိုး
မသိအောင် ပြန်စမ်းမိတော့တယ်။ နေ့တွေက မိုးလိုစွေတဲ့အခါ ကျွန်တော်တို့က ထီးတွေလို ဟိတ်နဲ့
ဟန်နဲ့ လုံခြုံယောင်တတ်ဖို့။
စားလေကွာ . . . အဲဒါ ဘယ်တော့မှ ပုပ်သိုးမသွားမယ့်ငါ့လျှာ။ကိုယ့်ရင်ကိုယ် ဘယ်သူ ပြန်ခွဲချင်ပါ့မလဲ။
ကုန်တင်ကုန်ချ၊လမ်းဘေးစျေးသည်၊ဂျာနယ်
နောက်ကြောင်း - မိုးဝေး
2021/11/25
Collab series "X" ရဲ့ track no. 7 ပါ။ ဆရာ မိုးဝေးရဲ့ နောက်ကြောင်း ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Minnie ဖြစ်ပါတယ်။
Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် [email protected] ကို အသံ sample file ပို့လို့ရပါတယ်။
——
နောက်ကြောင်း
မိတ်ဆွေခါးကုန်းလေးနဲ့ ဟိုတလောကတွေ့တယ်
မိတ်ဆွေခါးကုန်းလေးက ပြောတယ်၊
သူ ဘယ်သွားရမှန်းမသိဘူး ဖြစ်နေတယ်တဲ့
ရန်ကုန်မြို့မှာ အရိပ်တွေ သိပ်မရှိတော့ဘူးတဲ့
ကားတွေ တအားကြပ်တဲ့ လမ်းထဲ၊ ဘတ်စ်ကားထဲမှာ
မိတ်ဆွေခါးကုန်းလေးလိုပဲ ပိတ်မိနေကြတဲ့ ကုလားအုတ်တွေ မနည်းဘူးတဲ့
ရေခဲရေသည်တွေ နေရာမှာ ရေသန့်ဗူးသည်တွေ ရောက်လာသလိုပဲ
ဘဝဆိုတာ ထုတ်ပိုးမှုပါပဲကွာလို့ ခါးကလေးကုန်းနေတဲ့
မိတ်ဆွေက ပြောတာကြုံတဲ့အခါ
တို့တတွေ ရှေ့ဆက်ရုံသာပါပဲ။ ရှေ့ဆက်ရင်းက
ဘေးထွက်တာလည်း ကြုံမယ်၊ နောက်ပြန်ရောက်ချင်လည်း ရောက်မယ်
ဒါမှမဟုတ် မြေတွင်းတူးပြီး ဝင်သွားလိုက်လို့
မိတ်ဆွေခါးကုန်းလေးက အော်အော်ပြေးပြေး ပြောသွားခဲ့ဖူးတယ်
ဒီတော့ မိတ်ဆွေခါးကုန်းလေးကို ကြည့်ရတာ
ကုလားအုတ်ကလေးတစ်ကောင် တဖက်နိမ့်တဖက်မြင့်
လမ်းပေါ် ပြေးနေသလိုပဲလို့ ထင်မိတယ်
ဒါ မဟုတ်ဘူး။ ဒါဟာ ရန်ကုန်လို့ နယ်ကပြောင်းရွေ့
အခြေချသမားတွေက ပြောကြတာကြုံဖူးတယ်လို့
ခါးကုန်းကလေးရဲ့ မိတ်ဆွေက ပြောဖူးသလို
ဒီနားမှာ အရိပ်တစ်ခုကျဖူးတယ်
ဒီနားမှာ စုစုဝေးဝေး အိုင်ထွန်းဖူးတယ်
ဒီနားမှာ အကြိမ်ကြိမ်ရပ်
ဒီနားမှာ ခါးကလေး ရုတ်တရက် ကုန်းသွားတာပေါ့ကွာ
ဒီနားမှာ ငါ ကျကျန်ခဲ့တာပေါ့
ဒီနားမှာ ငါ ရှေ့ကို ရောက်ခဲ့ပြန်တယ်
ဒီနားမှာ တေးဘုံမာ၊ ဒီနားမှာ ဘဝသံသရာ
ဒီနားမှာ ငါ့သူငယ်ချင်း ခါးကလေးထောက်ရပ်ခဲ့တာပေါ့
ဒီနားမှာ ဒီလိုပဲ ငါ့ရဲ့ကုန်းနေတဲ့ ခါးကလေးကို ဆွဲဖြောင့်ဖို့ ကြိုးစားခဲ့တာပေါ့
မိတ်ဆွေခါးကုန်းကလေးပြောတဲ့နေ
လူငယ်လေးတစ်ဦး - အောင်ခိုင်မြတ်
2021/11/14
Collab series "X" ရဲ့ track no. 6 ပါ။ ဆရာ အောင်ခိုင်မြတ်ရဲ့ လူငယ်လေးတစ်ဦး ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Myo Min Hla ဖြစ်ပါတယ်။
Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် [email protected] ကို အသံ sample file ပို့လို့ရပါတယ်။
---------------
လူငယ်လေးတစ်ဦး
စာအုပ်တွေခိုးဖတ်
မွန်ထရီစီးကရက်တွေခိုးသောက်
ဂီတာကိုခိုးတီး
ကဗျာကိုခိုးရေး
နှင်းသီတာကိုခိုးငေးခဲ့ရတဲ့နေ့များ
လက်ဖက်ရည်ဆိုင်တွေခိုးထိုင်
ကြယ်တံခွန်အချစ်ကလေးရေ
ပြန်ဆုံရာလမ်းဝေးနေ
ကြိတ်ဆွေးခဲ့တဲ့နေ့များ
ထန်းရည်တွေခိုးသောက်
ပန်းချီတွေခိုးဆွဲ
တက်တူးတွေခိုးထိုး
ငြီးငွေ့ဖွယ်စာသင်ခန်းတွေက
ဘယ်လိုမှမစွဲဆောင်နိုင်ခဲ့တဲ့နေ့များ
`ခင်ဗျားတို့ထပ်ပြီးဆူဆူပူပူလုပ်ဦးမယ်ဆိုရင်တော့
စစ်တပ်ဆိုတာဘယ်တော့မှ
မိုးပေါ်ထောင်ပစ်မှာမဟုတ်ဘူး´
ရက်စက်လှတဲ့ဦးနေဝင်းရဲ့နောက်ဆုံးမိန့်ခွန်းနဲ့
ညစ်တွန်းတွန်းနေတဲ့ ပြည်သူတွေကြား
ဘောင်းဘီထဲလက်နှိုက်ပြီး
ပလက်ဖောင်းဘေးက
လျှောက်သွားခဲ့ရတဲ့နေ့များ
နေပူသလိုအသည်းပူတယ်
ဘာကြောင့်လဲသိရဲ့လား
အော်ဟစ်ခဲ့တဲ့နေ့များ
မွေးရပ်မြေက တရွေ့ရွေ့
မှောင်မည်းခြောက်ကပ်လာ
စစ်အစိုးရထပ်ရောက်လာချိန်
လူငယ်ဘဝအကောင်းဆုံးအရွယ်တိုင်း
သွေးထွက်အများဆုံးနေ့များ
စာအုပ်တစ်အုပ်နဲ့
လက်ဖက်ရည်တစ်ခွက်နဲ့ ရင်ထဲမှာမီးများတောက်
စောင့်ရတာဝေးလွန်းလို့
ငါမင်းဆီအပြေးလာခဲ့တဲ့နေ့များ
ရေဒီယိုနားထောင်ရင်နိုင်ငံရေးသမားပဲလို့
စောင့်ကြည့်ခံရတဲ့ခေတ်မှာ
နှလုံးသားအိမ်မှာပူတယ်
ဆောင်းနှင်းမြူအေးတယ်
အခါးဆုံးအရက်ကိုမိတ်ဆွေလုပ်မယ်
ချိုပါတယ်ခဲ့ရတဲ့နေ့များ
လူငယ်ဟာလူငယ် မော်တော်ယာဉ်ဖန်ဆင်းခဲ့တယ်
မော်တော်ယာဉ်ကျော်ကာ
လေယာဉ်ပျံတီထွင်သွားကြတယ်
လမ်းထိပ်အုတ်ခုံပေါ်ထိုင်ပြီး
အားတင်းအော်ဆိုခဲ
ခေါင်းခွံများအကြောင်း - ကေဇဝင်း
2021/11/08
Collab series "X" ရဲ့ track no. 5 ပါ။ ဆရာကေဇဝင်းရဲ့ ခေါင်းခွံများအကြောင်း ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Mabelle ဖြစ်ပါတယ်။
မုံရွာပစ်ခတ်မှု၌ သေဆုံးသူ ကဗျာဆရာ ဆရာကေဇဝင်း ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပြီး ဒီကဗျာနဲ့ ဦးညွှတ်ပါတယ်။
Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် [email protected] ကို အသံ sample file ပို့လို့ရပါတယ်။
-------
ခေါင်းခွံများအကြောင်း
တော်လှန်ရေးက
လေရေမြေ အာဟာရညီမှ ပွင့်တဲ့ ပန်းပဲ
တော်လှန်ရေးမပွင့်ခင်
လမ်းမပေါ် ပွင့်ထွက်သွားနဲ့ ခေါင်းခွံက
စကားတခွန်း ပြောသွားသေးလား
မိစ္ဆာတွေနဲ့ တေ့တေ့ရင်ဆိုင်နေရချိန်မှာ
သဘောထားကြေငြာချက်တွေဟာ အရေးပါသေးလား
ဓားရဲ့တရားဆိုတာ
ဝင့်ရုံနဲ့ မရ၊ ရှေ့တိုးပြီး ခုတ်မှ ရမယ်
တော်လှန်ရေးပဲ
တွေးနေရုံနဲ့ မရ၊ သွေးအတိုင်း ရဲတက်လာမှ ရမယ်
မတွေဝေနဲ့တော့
တော်လှန်ရေးရဲ့စနက်တံဟာ
ခင်ဗျား မဟုတ်ရင် ကျနော်ပဲ ။
ကေဇဝင်း
ပန်းသီးဝိုင် - ခက်သီ
2021/11/06
Collab series "X" ရဲ့ track no. 4 ပါ။ ဆရာခက်သီရဲ့ ပန်းသီးဝိုင် ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ June Zaw ဖြစ်ပါတယ်။
ကဗျာဆရာ ဆရာခက်သီ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပြီး ဒီကဗျာနဲ့ ဦးညွှတ်ပါတယ်။
Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် [email protected] ကို အသံ sample file ပို့လို့ရပါတယ်။
-----
ပန်းသီးဝိုင်
ရူးစမ်း
အာဏာသာမရူးနဲ့
တဏှာသာမရူးနဲ့
ရူးတာ ဘာမှ ရှက်စရာမရှိဘူး။
ပန်းသီးထဲမှာ
ရေမွှေးလား
ခရူးဆိတ်လား
ယဉ်ကျေးမှု သွေးလန့်ခြင်းလား
ရှိပါလိမ့်မယ်။
ငါ့အကြောင်း
နှလုံးသားဂုဏ်ရည်
နင် ထိစမ်းတဲ့အခါ သိလိမ့်မယ်
စွပ်စွဲချက်များ ပြင်းထန်လှချည်ရဲ့။
ယိုစီးကျနေတဲ့
ကျောက်စက်ရေလို စိတ်နှလုံးသား
ငါမဖော်ပြခဲ့တာဟာ
ငါဖော်ပြနေသလိုပါပဲ။
နှစ်ချို့ရင် မင်းသိလိမ့်မယ်
နှစ်တချို့မှာ ငါဟာ ဆိုးသွမ်းခဲ့တယ်
မပြောပါရစေနဲ့
ဖွင့်ဟ မပြောပါရစေနဲ့တော့။
ပန်းသီးတွေ သိုးသွားတော့ ဝိုင်တဲ့။
စိတ်တွေ သိုးသွားတော့ စစ်ပွဲတွေ
ဥပဒေ သိုးသွားတော့ မတရားမှုတွေ။
ကမ္ဘာဦးဓလေ့ပဲ ဆိုပါစို့
နိုင်ရာစားစတမ်းတဲ့
ဧဝဟာ ပန်းသီးကို ကုန်အောင်စားပစ်ခဲ့ရမှာ
ဒါဆို ပန်းသီးလည်း မရှိတော့ဘူး
ဝိုင်တွေလည်း မရှိတော့ဘူး။ ။
ခက်သီ
Podcast sponsorship advertising
Start advertising on Summer Kites relevant audience podcasts
You may also like to advertise on these Podcasts

4.82851638
Shoboy Show
Edgar "Shoboy" Sotelo, Micho Rizzo, Eddie The Virgin, Vanessa Sida

4.81385722
Blog & Mablog
Canon Press

4.72571000
The Jason Beem Horse Racing Podcast
Jason Beem

4.61424907
History Goes Bump: Ghost Tours For The Mind
Diane Student

4.78731647
Be Wealthy & Smart
Linda P. Jones

4.72322000
Weird AF News
Jonesy

4.9632679
Help I Sexted My Boss
Audio Always

4.91751459
The 5 Minute Discipleship Podcast
Loren Hicks

4.52602000
Jeff & Jenn Podcast
Q102 | Hubbard Radio

4.52511525
The Kuhner Report
WRKO-AM