1575374308
The Institute for Strategy and Policy – Myanmar

Advertise on podcast: The Institute for Strategy and Policy – Myanmar

Rating
★★★★★
5
from
6 reviews
This podcast has
136 episodes
Language
English
Publisher
ISP-Myanmar
Explicit
No
Date created
2021/07/06
Latest episode
2026/09/30
Average duration
8 min.
Release period
7 days

Description

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Unlock The Institute for Strategy and Policy – Myanmar podcast Email contact info,
Listeners & Audience details

Email contact information

Direct podcast contact details

Listeners

Audience numbers & engagement insights

Audience details

Podcast Insights

Podcast episodes

Check latest episodes from The Institute for Strategy and Policy – Myanmar podcast


အမှန်တရားကို ဘက်လိုက်ခြင်းနှင့် လူထု၏ ဆင်ခြင်နိုင်စွမ်း
2026/09/30
အမှန်တရားကို ဘက်လိုက်ခြင်းဟာ သတင်းစာပညာရဲ့ အခြေခံကျင့်ဝတ် ဖြစ်ပါတယ်။ ဒါပေမဲ့ အမှန်တရားကို ဖော်ထုတ်ခြင်းတခုတည်းနဲ့တော့ မလုံလောက်သေးပါဘူး။ လူထုအတွက် အချက်အလက် စုံလင်စွာရရှိပြီး  အမှန်တရားအပေါ် အခြေခံကာ ကိုယ်တိုင် ဝေဖန်ပိုင်းခြား၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မှသာ သတင်းစာပညာရဲ့ လူမှုတာဝန် ပိုမိုပြည့်စုံလာစေမှာပါ။
အထီးကျန်မှု၊ လက်နက်နှင့် ရှင်သန်ရေးကြားက မြန်မာ-ရုရှား ဆက်ဆံရေး
2026/09/29
ရုရှားဟာ မြန်မာနိုင်ငံရဲ့ အဓိက လက်နက်ဝယ်ယူ တင်သွင်းနေတဲ့နိုင်ငံတွေထဲက တခုဖြစ်ခဲ့တာ ကြာပါပြီ။ ကိန်းဂဏန်းတွေအရ တရုတ်ဆီက ဝယ်ယူတာပြီးရင် ဒုတိယလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ဟာ နိုင်ငံတဝန်းက ခုခံတော်လှန်မှုတွေကို ရင်ဆိုင်နေရတာမို့ ဒီအကူအညီက ပိုပြီး အရေးပါလာပါတယ်။
သားနှစ်ယောက်ကို မြင်ပါသည်
2026/09/28
အသက်ကိုစွန့်ပြီး လက်နက်ကိုင်လမ်းစဉ်ကို လိုက်တဲ့ သားတွေ၊ လက်နက်ကိုင်လမ်းစဉ်ကို မလိုက်ဘဲ ကိုယ်ကျိုးစီးပွားကိုပဲ ရှာတဲ့ သားတွေ၊ လက်နက်လည်း မကိုင်၊ စီးပွားလည်း မရှာဘဲ အလိုက်သင့်နေထိုင်တဲ့ သားဆိုတဲ့ သားသုံးယောက်ပါ။ … ဒုတိယသားတွေဟာ သီးနှံတွေ တင်ပို့ရောင်းချဝယ်ယူတဲ့ လမ်းခရီးမှာ အသက်ကို ဖက်နဲ့ထုပ်ထားရတဲ့ အခြေအနေများစွာကို ကြုံခဲ့ကြရပါတယ်။… ဒါပေမဲ့လည်း ဒီအလုပ်ကို ဆက်လုပ်နေကြတုန်းပါ။ စိုးမိုးနယ်မြေက ပြည်သူတွေ ငတ်ပြတ်မသေစေဖို့အတွက်ပါပဲ။
နေ့တာတိုသော မြို့
2026/09/28
အာဏာသိမ်းပြီးကတည်းက လှုပ်ရှားရုန်းကန်နိုင်တဲ့အချိန် နည်းလာလိုက်တာ အခုဆို နေ့တာဟာ ခြောက်နာရီလောက်ပဲ ကျန်တော့တယ် ထင်ရပါတယ်။ ရွာကလာတဲ့ အသီးအရွက်ကားတွေ၊ သားငါးသည်တွေက မနက်ခုနစ်နာရီလောက်ထိ ဈေးကို ရောက်မလာသေးဘူး။ ကံမကောင်းရင် စစ်ဆေးရေးဂိတ်က အကြောင်းပြချက်မရှိ ပိတ်လိုက်လို့ ရောက်မလာဘဲ လှည့်ပြန်သွားရတဲ့ ဈေးသည်တွေလည်း ရှိတယ်။
မနွဲ့ရည်များနှင့် ခေတ်ဆိုးက တွန်းပို့နေသော အဆိုးကျော့သံသရာ
2026/09/07
ကျောင်းရပ်နားထားတဲ့ ကျောင်းသူတချို့ကို အင်တာဗျူးလုပ်ရင်း သူတို့လည်း ကျမလိုပဲ မနွဲ့ရည်တွေ မဖြစ်ကြဖို့ ကြိုးစားနေကြတာသိခဲ့ရတယ်။ တယောက်ကဆို သူ့အိပ်မက်၊ သူတက်ခဲ့တဲ့ ဘာသာရပ်နဲ့ မဆိုင်တာတွေလုပ်နေရတဲ့အပြင် စားဝတ်နေရေးအတွက်သာ ဦးစားပေးလုပ်ရကြောင်း ငိုရင်းပြောပြတော့ ကျမပါ သူနဲ့ ရောငိုမိပါတယ်။ ခေတ်ကာလအခြေအနေတွေကပဲ ကျမတို့အရွယ်တွေကို မနွဲ့ရည်လို ‘မစပ်သောငရုတ်’ ဖြစ်အောင် တွန်းပို့နေတာမှန်း သဘောပေါက်လာတယ်။
တကျော့ပြန်မြစ်ဆုံဆည်စီမံကိန်းနှင့် မေးခွန်းငါးခု
2026/09/07
ကျနော်တို့နိုင်ငံမှာ ရေတိုရေရှည် ကြီးကြပ်စစ်ဆေးနိုင်မယ့် စွမ်းရည်မရှိသေးသလို တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ ကြပ်မတ်နိုင်မယ့် ဥပဒေ၊ မူဝါဒမူဘောင်တွေ၊ ဘေးအန္တရာယ်ကာကွယ်ရေးအစီအမံကောင်းတွေ မရှိသေးပါဘူး။ ... မရေရာတဲ့ အာမခံချက်တွေကို အခြေပြုပြီး မြစ်ဆုံဆည်စီမံကိန်းကို ဖော်ဆောင်တာဟာ နိုင်ငံ့အသက်သွေးကြော မြစ်တစင်းပေါ်မှာ မိုင်းဗုံးတခု ထောင်ထားခဲ့တာနဲ့ အလားသဏ္ဌာန်တူပါလိမ့်မယ်။
ပညာရေးပေါင်းကူးတံတားကို ချိုးဖျက်ပစ်ကြတော့မည်လား
2026/09/07
တော်လှန်ရေးသတင်းတွေ ပေါက်ကြားနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းတက်တာကို ပိတ်ပင်မယ်ဆိုရင် ဆုံးရှုံးသွားမယ့် ပညာရေးအခွင့်အလမ်းတွေ နေရာမှာ ဘာတွေနဲ့ ပြန်အစားထိုး လုပ်ပေးကြမလဲ။ … စစ်ကျွန်ပညာရေး မသင်စေချင်ဘူးဆိုရင် အားလုံး လက်လှမ်းမီတဲ့၊ ဒေသတိုင်းကို လွှမ်းခြုံနိုင်တဲ့၊ အာမခံချက်ရှိတဲ့ ပညာရေးစနစ်မျိုးကို တော်လှန်ရေး အင်အားစုတွေဘက်က အသင့်ဖန်တီးထားနိုင်ပြီလား ဆိုတာကတော့ မေးခွန်းထုတ်စရာပဲ ဖြစ်နေပါတော့တယ်။
ကြားလူကိုရန်ဘက်ပြု၍ လူမှုအရင်းအနှီး ဆုံးရှုံးရခြင်း
2026/09/07
မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ကိုယ့်ဘက်မှာ ရှိနေတဲ့သူတွေအပေါ်မှာသာ မူတည်နေတယ်ဆိုတာ ရာခိုင်နှုန်းပြည့် မမှန်နိုင်ပါဘူး။ ကြားမှာ ရပ်နေသူတွေ၊ စောင့်ကြည့်နေသူတွေနဲ့ အမှန်တရားဘက်မှာ ရပ်တည်ဖို့ မသေချာသေးသူတွေကို ဘယ်လိုပုံစံနဲ့ ဆက်ဆံနေသလဲဆိုတဲ့ အချက်အပေါ်မှာလည်း မူတည်နေမှာပါ။
သက်ငယ်မုဒိမ်းနှင့် လွတ်မြောက်နယ်မြေက ဥပဒေကွက်လပ်
2026/09/07
အာဏာရှင်ကို တော်လှန်နေတဲ့ကာလမှာ တရားဥပဒေစိုးမိုးမှု လျော့ရဲနေတဲ့ ခေတ်ဆိုးကြီးကို အသုံးချပြီး ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ကြိုးစားနေတာတွေကို လူ့အဖွဲ့အစည်းတွေက မျက်ကွယ်မပြုထားသင့်သလို တော်လှန်ရေးအစိုးရဆိုတဲ့ အာဏာပိုင်တွေကလည်း တာဝန်ယူမှုရှိရှိ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လိုပါတယ်။
ကျားဖြန့်လက်ခုပ်ထဲက သူဌေးလောင်းများ
2026/07/31
လောင်းကစားဆိုတာ သဘာဝအရ အနိုင်အရှုံး ရှိတတ်စမြဲ ဆိုပေမဲ့ စလော့ဂိမ်းတွေမှာတော့ အဲဒီလို မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဂိမ်းတွေကို တဖက်လူ (တချို့အခေါ် ကျားဖြန့်) တွေက ထိန်းချုပ်ထားပြီး သူတို့ လိုသလို လုပ်နိုင်လို့ပါပဲ။ …ဒီဂိမ်းတွေဟာ သာမန် application တွေလို မဟုတ်ဘဲ ဆော့ကစားသူရဲ့ ဖုန်းထဲက ကိုယ်ရေးအချက်အလက်တွေကိုပါ ရယူသုံးစွဲနိုင်ပါတယ်။
ရှမ်းမြောက်ချိန်ခွင်လျှာနှင့် နေပြည်တော်ခြေလှမ်း
2026/07/31
ဦးမင်းအောင်လှိုင် ကမကထလုပ်မယ့် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲ TNLA နဲ့ MNDAA တို့ ပါဝင်စီးမျောမှာလားဆိုတာဟာ ဦးမင်းအောင်လှိုင်က ဒီတပ်ဖွဲ့တွေရဲ့ နယ်မြေနဲ့ အာဏာစက်ကို ဘယ်လောက်အတိုင်းအတာအထိ တရားဝင်အသိအမှတ်ပြုနိုင်လဲ ဆိုတဲ့အပေါ်မှာ အဓိကမှီတည်နေသလို ဖြစ်နေပါပြီ။
အာရက္ခမြေမှ စစ်မှုထမ်းသောက
2026/07/01
ရခိုင်လူထုဟာ အာရက္ခတပ်တော်က ပြဋ္ဌာန်းတဲ့ စစ်မှုထမ်းခေါ်ယူမှု (NDEP)ကို အရင်းခံစိတ်အရ လက်ခံကြပေမဲ့ ကျင့်သုံးတဲ့စနစ်ကြောင့် မလိုလားတာတွေ ရှိလာခဲ့တာလို့ ကြားသိရပါတယ်။... ရခိုင်လူထုအကြားမှာတောင် စိုးရိမ်စိတ်ရှိတဲ့ စစ်မှုထမ်းစုဆောင်းရေးဟာ အခြားလူ့အသိုက်အဝန်းတွေကိုပါ သက်ရောက်မှု ရှိလာတဲ့အခါမှာတော့ တင်းမာမှုတွေ ပိုကျယ်ပြန့်လာခဲ့ပါတယ်။
မူဝါဒတခြား လူထုတခြား နေပြည်တော်နှင့်ဝေးခဲ့ပြီ
2026/07/01
ဖွံ့ဖြိုးရေးအစီအမံတွေနဲ့ တခြားမူဝါဒတွေဆိုတာ ဘယ်လောက်ပဲ နည်းနာအရ ပြည့်စုံပါစေ၊ အုပ်ချုပ်သူနဲ့ လူထုအကြား အချိတ်အဆက် မရှိ၊ လက်ခံယုံကြည်မှု မရှိရင် အလကားပဲလို့ မြင်လာပါတယ်။ တတိုင်းပြည်လုံးရဲ့တိမ်းညွတ်မှု (national mood) က ဘယ်လို ရှိနေသလဲ ဆိုတာကလည်း အရေးကြီးတယ်လို့ မြင်ပါတယ်။​
မှတ်ပင်အောက်တွင် ပြန်ဆုံမည်
2026/07/01
တကယ်လို့ ဒီစပ်ကြားထဲ ကျနော်ရောက်မလာခင် အမေသာ တခုခု ဖြစ်ခဲ့ရင်လည်း ငယ်ငယ်က ပေးခဲ့တဲ့ ကတိအတိုင်း မှတ်ပင်အောက်ကို အရောက်သွားပြီး စောင့်ပေးပါ အမေ။ ကျနော်သာ အမေ့ထက်စောပြီး လောကကြီးက ထွက်ခွာခဲ့ရရင်လည်း အမေ့နည်းလမ်းအတိုင်း နားပိတ်၊ မျက်စိမှိတ်ပြီး မေ့ပင်ကို ကျော်ဖြတ်ပါ့မယ်။ မှတ်ပင်အောက်က စောင့်ပါ့မယ်။
စီဒီအမ်မျဉ်းပြိုင်နှင့် လပ်နေသော စာသင်ခုံများ
2026/06/29
ကြားကာလပညာရေးစနစ်က ခိုင်မာတဲ့အနာဂတ်နဲ့ ဘေးကင်းတဲ့စာသင်ခန်းကို ထိထိရောက်ရောက် မပေးနိုင်သေးချိန်မှာ အမိန့်အာဏာသုံးပြီး စာသင်ခန်းတွေကို ပိတ်ဆို့နေမယ်ဆိုရင် ရေရှည်မှာ ကလေးတွေရဲ့အနာဂတ် အမှောင်အတိ ဖုံးသွားမှာ သတိပြုစရာပါ။ စစ်တပ်ရဲ့ ထိုးစစ်တွေကို ဆန့်ကျင်ထောက်ပြသလိုပဲ တော်လှန်ရေးဘက်ကလည်း အာဏာရှင်ဆန်တဲ့ နည်းလမ်းမျိုးတွေ သုံးပြီး ကလေးတွေရဲ့ အနာဂတ်ကို ထပ်လောင်းပိတ်ဆို့တာမျိုး မလုပ်သင့်ပါဘူး။

Podcast reviews

Read The Institute for Strategy and Policy – Myanmar podcast reviews


5 out of 5
6 reviews
★★★★★
Nicky Smith 123 2021/08/11
The Best Think-Tank Organisation in Myanmar
ISP-Myanmar is one of the best think-tank organisation in Myanmar. The experts’ views are critical, analytical and well informed discussions for Myanm...
check all reviews on apple podcasts

Podcast sponsorship advertising

Start advertising on The Institute for Strategy and Policy – Myanmar relevant audience podcasts


What do you want to promote?