1583837840
The Healing Path_Myanmar

Advertise on podcast: The Healing Path_Myanmar

Rating
★★★★★
5
from
2 reviews
This podcast has
30 episodes
Language
English
Explicit
Yes
Date created
2021/08/31
Latest episode
2023/04/27
Average duration
5 min.
Release period
31 days

Description

ကပ်ကာလ အတွင်း စိတ်ပိုင်းဆိုင်ရာ သက်သာပျောက်ကင်းနဲ့ ခံနိုင်ရည်စွမ်းအားမြင့်တင်စေမည့် အကြောင်းအရာများကို ဆက်တိုက် တင်ဆက်ပေးပါမယ်ခင်ဗျာ။ During the crisis in Myanmar(Burma), We will continue to present content that will improve mental healing and increase resilience among the people.

Unlock The Healing Path_Myanmar podcast Email contact info,
Listeners & Audience details

Email contact information

Direct podcast contact details

Listeners

Audience numbers & engagement insights

Audience details

Podcast Insights

Social media

Check The Healing Path_Myanmar social media presence


Podcast episodes

Check latest episodes from The Healing Path_Myanmar podcast


30. စိတ်ဒဏ်ရာဆိုတာ ဘာလဲ ဘာနဲ့ တူသလဲ
2023/04/27
ကျွန်တော် စိတ်အနာ စိတ်ဒဏ်ရာအကြောင်းကို နည်းနည်းလေးတင်ပြချင်ပါတယ်. အဲ့ဒီတော့ အဲ့ဒါမတင်ပြခင်မှာ စိတ်အနာ မဟုတ်ရင်လဲ စိတ်ဒဏ်ရာ English လိုက Traumaပေါ့ဗျာ အဲ့တာဘာနဲ့တူလဲပေါ့ ကျွန်တော်တို့ ကြိမ်ဖန်များစွာ ကျွန်တော်တို့ဆွေးနွေးကြတဲ့အခါမှာ စိတ်အနာ စိတ်ဒဏ်ရာဟာ အို မီးဖုံးနေတဲ့ အော်ပြာဖုံးနေတဲ့မီးနဲ့တူတယ်လို့ပြောတဲ့လူတွေရှိတယ် မဟုတ်ရင်လဲမြုံနေတဲ့အနာနဲ့တူတယ် တူတယ်လို့ပြောတယ်တဲ့လူတွေရှိတယ် မဟုတ်ရင်လဲကွဲသွားတဲ့ဖန်ကပ်တ ဖန်ခွက်တွေနဲ့တူတယ်လို့ ပြောတဲ့လူတွေရှိတယ် မဟုတ်ရင်လဲ တအုံနွေးနွေးလောင်နေတဲ့မီးနဲ့တူတယ်လို့ ပြောတဲ့လူတွေလဲရှိတယ် အဲ့ဒီတော့ စိတ်ဒဏ်ရာအတွက်ကျွန်တော်တို့ပြောတဲ့အခါမှာ ကျွန်တော်တဲ့ရဲ့ တင်စားမှုတွေက အမျိုးမျိုးရှိပြီးတော့ အဲ့ဒီတင်စားမှုတွေအားလုံးဟာလဲ ကျွန်တော်တို့ရဲ့စိတ်ဒဏ်ရာဆိုတာ ဘာလဲဆိုတာ ပိုနားလည်ဖို့အတွက် ကျွန်တော်တို့ကိုအထောက်အကူပေးပါတယ် အဲ့ဒီတော့ စိတ်အနာ စိတ်ဒဏ်ရာဟာ ဘာလဲ ကျွန်တော် စိတ်အနာအကြောင်း စိတ်ဒဏ်ရာအကြောင်း ကျွန်တော်တို့ပြောတဲ့အခါမှာကျွန်တော်တို့ ခန္ဓာကိုယ် အနာဖြစ်တဲ့အကြောင်းကို ကျွန်တော်တို့ ပြန်စဉ်းစားမယ်ဆိုရင် ကျွန်တော်တို့လည်း အများကြီးအထောက်အကူဖြစ်တယ် ဥပမာ ခန္ဓာကိုယ်အနာဖြစ်တာကို ကျွန်တော်လဲ နည်းနည်း အိုနည်းနည်းလေးတင်ပြချင်တယ် ဒီနေရာမှာ ကျွန်တော့်ရဲ့ဒီနေရာမှာ ဘာအနာမှမရှိဘူး ကျွန်တော့်ရဲ့အရေပြားက ချော့မွေ့နေတယ် ဘာမှမရှိဘူး ဒါမဲ့ ဒီနေရာကို ကျွန်တော်ကဒီဘောပင်နဲ့ ဖွင့်တောင်မဖွင့်ထားဘူး ဒီဘောပင်အတုံးနဲ့ ကျွန်တော်ပွတ်တယ်ဆိုရင် များသောအားဖြင့် အနာမဖြစ်ဘူးလို့ထင်ကောင်းထင်လိမ့်မယ် သို့လဲ ကျွန်တော်ဒီအတိုင်းဖိပြီးတော့ ဆွဲလိုက်ပြီဆိုလျှင် တစ်ချက်တည်းနဲ့လဲ စိတ်ရဲ့အနာကဖြစ
29. ကြင်နာခြင်းသည် လွှတ်လပ်မှုအတွက် အကြောင်းတရပ် သစ်နက်ဟန်
2022/07/20
အပိုင်း(၁၁) - ကြင်နာခြင်းသည် လွှတ်လပ်မှုအတွက် အကြောင်းတရပ် ++++++++++++++++++++++++++++++++++++ ခင်ဗျားတို့ နေ့စဥ်ဘဝရဲ့ အချိန်တိုင်းမှာ တရားကျင့်စဥ် တွေ ကျင့်နေလို့ ရပါတယ်။ မနက်စာ စားဖို့ တန်းစီနေတုန်း ဖြစ်စေ၊ ညအိပ်ခါနီး လူရေဖို့ တန်းစီနေတုန်း ဖြစ်စေ သတိနဲ့ အသက်ရှုတာ ကို လေ့ကျင့်လို့ရတယ်။ အချိန်တိုင်းဟာ တည်ကြည်မှု၊ ငြိမ်းချမ်းမှု ရဖို့ လေ့ကျင့်နိုင်တဲ့ အချိန်ကောင်းတွေပါ။ ဘဝရဲ့ အချိန်ကောင်းတွေကို မဖြုန်းသင့်ပါဘူး။ သတိကျင့်စဥ် တွေကို ကျင့်လို့ ရက်အနည်းငယ် အတွင်းမှာပဲ ခင်ဗျားရဲ့ မိတ်ဆွေတွေဟာ ခင်ဗျားရဲ့ ထူးခြားမှုတွေကို သတိထားမိလာပါလိမ့်မယ်။ ခင်ဗျား ရှိနေရင် အေးချမ်းမှု ရတာမျိုးပေါ့။ သူတော်စင် တယောက် အနားရောက် နေသလိုပဲ လို့တောင် ပြောကြတာ ကြုံရလိမ့်မယ်။ . ကျနော် ခင်ဗျားတို့ကို ပုံပြင်လေး တခု ပြောပြမယ်။ ဒီပုံပြင်လေးကို ကျနော် အသက် ၇နှစ်သား ကိုရင် စဝတ်တုန်းက ဖတ်ဖူးတာ။ ဒီပုံပြင်တွေကို ဇတက (ဇာတ်တော်) တွေလို့ ခေါ်တယ်။ ဗုဒ္ဓရဲ့ အတိတ်ဘဝ ဇာတ်လမ်းတွေပေါ့။ ဘဝတခုမှာ ဘုရားလောင်းဟာ ငရဲ ကျနေတယ်။ သူကျတဲ့ ငရဲမှာ ငရဲသားတွေဟာ ကျောက်တုံးကြီးတွေကို ရွှေ့ရတယ်။ သူတို့ အမှားတခုခု လုပ်ရင် သူတို့ကို စောင့်တဲ့ ငရဲစောင့်က ခရင်းခွနဲ့ ရင်ဝကို ထိုးသတ်တယ်။ အဲဒီ အခါမှာ ငရဲသားဟာ အကြီးအကျယ် နာကျင်ပေမဲ့ မသေဘူး။ ဒါဟာ သူတို့ရဲ့ ပြစ်ဒဏ် တမျိုးပေါ့။ . တနေ့မှာတော့ ငရဲစောင့် တယောက်ဟာ သူတို့တွေ ကျောက်တုံးတွေ ရွှေ့နေတာကို နှေးတယ် ဆိုပြီး နောက်ကနေ လိုက်တွန်းတယ်။ ငရဲသားတယောက်က အားနည်းပြီး သူသယ်ရမဲ့ ကျောက်တုံးကို ကောင်းကောင်း မသယ်နိုင်ဘူး။ အဲဒီတော့ ငရဲစောင့်က ငရဲသားကို ခရင်းခွနဲ့ ထိုးမယ် လုပ်တယ်။ ဒါကို မြင်တဲ့ ဘုရားလောင်းရဲ့ ရင်ထဲမှာ တစုံတရာသော ခံစားမှု ဖြစ်လာတယ်။ သူဝင်ပြောရင်
28. ကျေးဇူးသိသောအခါ သင် ဒုက္ခမရောက်ပါ သစ်နက်ဟန်
2022/07/20
ကျနော် အမေရိကန်ကို ရောက်လာတော့ တခု သတိထားမိတယ်။ ဒီနိုင်ငံမှာ စားစရာ အလွန်ပေါတယ်။ အမျိုးအစားလည်း အလွန်စုံလင်တယ်။ ဒါပေမဲ့ စားသောက်ဖို့ အချိန်တော့ အတော်ရှားတယ်။ တကယ်တော့ စားသောက်ခြင်းဟာ ‌အများကြီး အားမစိုက်ရဘဲ စိတ်ချမ်းသာစေနိုင်တဲ့ နေ့စဥ်ကိစ္စတခုပါ။ ကျန်းမာအောင်လည်း အများကြီး စားဖို့ မလိုဘူး။ . ကျနော် အစာတခုခုကို တူနဲ့ ဖြစ်ဖြစ်၊ ဇွန်းနဲ့ ဖြစ်ဖြစ် ကောက်ယူလိုက်ပြီးရင် ခဏလောက် ကိုယ်ယူလိုက်တဲ့အစာကို ကြည့်လိုက်တယ်။ တစက္ကန့်လောက် ဆိုရင်တောင် လုံလောက်တယ်။ စိတ်တွေ လွှင့်မနေဘူးဆိုရင် ချက်ချင်းပဲ ဒါဟာ ပေါင်မုန့်၊ ပဲသီး၊ မုန်လာဥ စသဖြင့် သိလိုက်တယ်။ ပြီးရင် အစာကို ပြုံးပြလိုက်တယ်။ ပြီးရင် ပါးစပ်ထဲ ထည့်ပြီး သတိရှိရှိ စိတ်ပါလက်ပါ ဝါးလိုက်တယ်။ ဒီစားနေတာကလွဲရင် ဘာကိုမှလည်း မကြည့်ဘူး၊ မတွေးဘူး။ ဒီမှာပဲ စိတ်ထားတယ်။ . သတိအကျင့်ဆိုတာ ဘာလုပ်လုပ် သတိနဲ့ လုပ်တာ ပါပဲ။ အစားစားတဲ့အခါလည်း သတိနဲ့စားတော့ ပျော်ရွှင်မှု၊ တည်ကြည်မှု၊ ဘဝဖြစ်တည်မှု စတာတွေက သူတို့ဘာသာ ပေါ်လာတယ်။ အဲလို မိနှစ်နှစ်ဆယ်လောက် စားလိုက်ပြီးရင် ကျနော်ဟာ တနေ့တာ အတွက် အားပြည့်သွားပြီ လို့ ခံစားရတယ်။ ကိုယ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာ၊ အကျင့်ပိုင်းဆိုင်ရာမှာလည်း အားပြည့်သွားတယ်။ ဒါကြောင့် အစာစားခြင်းဟာ အလွန်လေးနက်တဲ့ ကျင့်စဥ် လို့ ကျနော်ကပြောတာ။ . ကျနော်နေတဲ့ ဇီးကုန်းရိပ်သာမှာဆိုရင် အချိန်ယူပြီး စားသောက်ကြတယ်။ အတူတူ စုစားတယ်။ ညီညီညာညာ ထိုင်ပြီး လူစုံအောင် စောင့်တယ်။ လူစုံမှ စပြီး စားကြတယ်။ အဲလို ကိုယ့်ဘေးက ညီနောင်နှမ ရဟန်းတွေက သတိရှိရှိ စားနေကြတဲ့အခါ၊ ကိုယ်ဟာလည်း သတိအကျင့် နဲ့စားဖို့ အလိုလို အထောက်အကူ ဖြစ်လာတာပေါ့။ အစာ မစားခင်တိုင်းမှာ ကျနော်တို့က အစာနဲ
27. အပြုံးကျင့်ပါ
2022/06/22
ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ ++++++++++++++ "အသက်ရှုသွင်းတယ်၊ ငါပြုံးနေတယ်" ဆိုပြီး ကျင့်ခိုင်းတော့ ကျနော့်ကို လူအများက မေးခွန်းထုတ်ကြတယ်။ "ရင်ထဲမှာ အပျော်မရှိဘဲနဲ့ ဘယ်လို ပြုံးလို့ရမလဲ" တဲ့။ အပြုံးကို လေ့ကျင့်ခန်းလို လုပ်ပါ လို့ပဲ ဖြေရမှာပဲ။ ကျနော်တို့ မျက်နှာမှာ ကြွက်သားပေါင်း သုံးရာကျော် ရှိတယ်။ စိတ်ဆိုးတဲ့အခါ၊ ကြောက်တဲ့အခါတွေမှာ အဲဒီကြွက်သားတွေက တင်းနေတယ်။ အဲဒီ တင်းမာမှုက လူကိုလည်း တင်းမာစေတယ်။ ပြုံးလိုက်တဲ့အခါ အဲဒီတင်းမာမှုတွေဟာ လျော့ကျ ပြေပျောက် သွားတယ်။ ဒါကြောင့် ဒီအသက်ရှုရင်း ပြုံးတဲ့ လေ့ကျင့်ခန်းကို "ပါးစပ် ယောဂ" (Mouth Yoga) လို့ တင်စားခေါ်ကြတာ။ ဒါကြောင့် အပြုံးကျင့်ပါ။ အသက်ရှုသွင်းရင်း (တဝက်ပဲ ဖြစ်ဖြစ်) ပြုံးကြည့်ပါ။ တင်းနေတာတွေ လျော့သွားပြီး နေလို့ အတော်ကောင်းသွားပါလိမ့်မယ်။ . ကိုယ့်ပျော်ရွှင်မှုကြောင့် ပြုံးရတဲ့အချိန်တွေ ရှိသလို ကိုယ့်အပြုံး ကြောင့် ပျော်ရတဲ့အချိန် တွေလည်း ရှိတယ်။ ကျနော်ကတော့ ပျော်လာမဲ့အချိန်ထိ မစောင့်တော့ဘူး။ အရင်ဦးအောင် ပြုံးထားလိုက်တယ်။ အပျော်က သူ့ဘာသာ လာပါလိမ့်မယ်။ တခါတလေ ကျနော်တယောက်တည်း အမှောင်ထဲမှာ အပြုံး လေ့ကျင့်တတ်တယ်။ အဲလို ကျင့်ခြင်းဟာ ကိုယ့်ဘာသာ ကြင်နာရာ ရောက်တယ်၊ ဂရုစိုက်ရာ၊ ချစ်ရာလည်း ရောက်တယ်။ ကျနော့်တို့ဟာ ကိုယ့်ဘာသာ ဂရုမစိုက်တတ်ဘူး ဆိုရင် ကျနော်တို့ သူတပါးကိုလည်း ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ . ကိုယ့်ဘာသာ ကြင်နာတတ်ခြင်းဟာလည်း အလွန် အရေးကြီးတဲ့ လေ့ကျင့်ခန်းတခုပါ။ ပင်ပန်းတဲ့အခါ၊ ဒေါသထွက်တဲ့အခါ၊ မုန်းတီးမှုဖြစ်နေတဲ့အခါ၊ ကိုယ့်ခန္ဓာကို (စိတ်က) ပြန်လာတတ်ပြီး ဒီ ပင်ပန်းမှု၊ ဒေါသ၊ အ
26.အံ့ဖွယ်အချိန်
2022/06/21
ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ ++++++++++++++ ခင်ဗျားတို့ကို အသက်ရှုလေ့ကျင့်ခန်းတခု ကျနော် မျှဝေချင်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ ခင်ဗျားတို့ရဲ့ ခက်ခဲတဲ့အချိန်တွေမှာ အထောက်အကူ အများကြီး ပေးမယ်လို့ ယုံကြည်ပါတယ်။ . အသက်ရှုသွင်းတယ်၊ ရှုသွင်းနေတာ သိနေတယ်။ အသက်ရှုထုတ်တယ်၊ ရှုထုတ်နေတာကို သိနေတယ်။ အသက်ရှုသွင်းတယ်၊ ဝင်လေ နက်နဲလာတာ သိနေတယ်။ အသက်ရှုထုတ်တယ်၊ ထွက်လေ နှေးလာတာ သိနေတယ်။ အသက်ရှုသွင်းတယ်၊ လျော့ချလိုက်တယ်။ အသက်ရှုထုတ်တယ်၊ သက်သာ ပေါ့ပါး လာတာ သိနေတယ်။ အသက်ရှုသွင်းတယ်၊ ငါ ပြုံးနေတယ်။ အသက်ရှုထုတ်တယ်၊ လွှတ်ချလိုက်တယ်။ အသက်ရှုသွင်းတယ်၊ ပစ္စုပ္ပန်မှာ နေတယ်။ အသက်ရှုထုတ်တယ်၊ အံဖွယ်အချိန် ပါလား။ . ဒီနည်းကို "ဝင်၊ထွက်၊ နက်နဲ၊ နှေးလာ၊ လျော့ချ၊ သက်သာ၊ ပြုံးနေ၊ လွှတ်ချ၊ ပစ္စုပ္ပန်ကာလ၊ အံဖွယ်ကာလ" (In, Out, Deep, Slow, Calm, Ease, Smile, Release, Present Moment, Wonderful Moment)လို့ အနှစ်ချုပ် မှတ်ထားလည်း ရတယ်။ . ပထမဆုံး ဝင်၊ထွက် ကို လေ့ကျင့်ကြည့်မယ်။ အသက်ရှုသွင်းလိုက်တဲ့အခါ ကိုယ့်စိတ်ထဲက "ဝင်တယ်" လို့ တိုးတိုးဆိုပါ။ အဲဒီအခါမှာ အသက်ရှုနေတဲ့ ‌ဝင်လေ တိုးဝင်နေတာကို သတိထားမိမယ်။ အသက်ရှုထုတ်လိုက်တဲ့အခါမှာလည်း ကိုယ့်စိတ်ထဲက "ထွက်တယ်" လို့ တိုးတိုးဆိုပါ။ ထွက်လေကို သတိထားမိမယ်။ ဒီစကားလုံးတွေက လက်ရှိကာလကို ပြန်ပြန်လာဖို့ အထောက်အကူ ပြု စကားလုံးတွေပါ။ အခုလို "ဝင်တယ်၊ ထွက်တယ်" ဆိုတဲ့လေ့ကျင့်ခန်းကို စိတ်တည်ငြိမ် အေးချမ်းလာတဲ့အထိ ခဏ လုပ်လိုက်ပါ။ . အဲလို စိတ်ငြိမ်လာတဲ့အခါ နောက်တခါ ဝင်လေမှာ "နက်နဲတယ်"၊ ထွက်လေမှာ "‌နှေးကွေးတယ်" လို့ ပြောင်းလို့ရပါပြီ။ အသက်ကို သတိရှိရှိနဲ့ ရှုသွင်း၊ ရှုထုတ်လုပ်ရင် အသက်ရှုမှုဟာ တ
25. လွတ်လပ်သူလို လမ်းလျှောက်ပါ
2022/06/20
ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ ++++++++++++++++++++++++ ဒီမနက် ကျနော် ထောင်ဝင်းထဲကို ဝင်လာတော့ သတိရှိရှိနဲ့ လှမ်းဝင်ခဲ့တယ်။ ကျနော် ဘာကို သတိထားမိသလဲ ဆိုတော့ ထောင်ဝင်းအတွင်းက လေရှုရတဲ့အရသာဟာ ‌အပြင်မှာ လိုပဲ။ ကျနော် ကောင်းကင်ကို မော့ကြည့်တယ်။ အပြင်မှာတုန်းက မြင်ရတဲ့ ကောင်းကင်ပြာပဲ။ ‌‌‌ထောင်ဝင်းထဲမှာ မြက်ပင်တွေ၊ ပန်းပွင့်တွေကလည်း အပြင်က အတိုင်းပါပဲ။ ကျနော့် ‌‌ခြေလှမ်းတိုင်းဟာလည်း အပြင်မှာလို ခိုင်ခံနေတယ်၊ လွတ်လပ်နေတယ်။ ဒီတော့ ကျနော့်အမြင် ပြောရရင် ဒီထောင်တွင်းမှာလည်း ခင်ဗျားတို့ သတိအကျင့် အောင်အောင်မြင်မြင် ကျင့်နိုင်ဖို့၊ ကိုယ်တွင်း လွတ်လပ်မှု၊ ယုံကြည်မှုတွေ ရလာစေဖို့ မဖြစ်နိုင်စရာ မရှိဘူး။ . လမ်း‌လျောက်တဲ့အခါ၊ အသက်ကို ရှုသွင်း၊ ‌‌ခြေလှမ်း တလှမ်းနှစ်လှမ်း လှမ်းလိုက်၊ လူတယောက် နာမည်ကို (စိတ်ထဲ) က ခေါ် လိုက်ပါ။ ခင်ဗျား ချစ်ရတဲ့သူတယောက်၊ ခင်ဗျား ကို ကြင်နာသူ၊ ပျော်ရွှင်စေသူ၊ သူ့အကြောင်းတွေးလိုက်ရင် ခွန်အားဖြစ်စေသူ၊ လန်းဆန်းစေသူ စတဲ့သူ တ‌ယောက်ယောက်ပေါ့။ ဥပမာ ‌ဒေးဗစ် ဆိုတဲ့သူ ဆိုပါစို့။ အသက်ရှုသွင်း လိုက်ရင်း ‌ခြေလှမ်းနှစ်လှမ်း လှမ်းတယ်၊ လှမ်းနေရင်း "ဒေးဗစ်၊ ဒေးဗစ်" လို့ စိတ်ထဲက ခေါ်လိုက်ပါ။ အသက်ရှုထုတ်လိုက်ရင်း နောက်ထပ် ‌ခြေနှစ်လှမ်း လှမ်းလိုက်၊ လှမ်းနေရင်းနဲ့ "ငါဒီမှာ၊ ငါဒီမှာ" လို့ စိတ်ကနေ ရေရွတ်လိုက်ပါ။ တခြား ဘာကိုမှ မစဥ်းစားပါနဲ့။ ဒီလမ်းလျောက်တာရယ်၊ အသက်ရှုတာရယ်၊ ဒေးဗစ်ရယ်ကိုပဲ အာရုံထားပါ။ အဲလို "ဒေးဗစ်၊ ဒေးဗစ်၊ ငါဒီမှာ၊ ငါဒီမှာ " လို့ လမ်းလျောက်ရင်း ရွတ်ဖန်များလာတဲ့အခါ ခင်ဗျားဟာ ဒေးဗစ်နဲ့ အတူတူ အေးအေးချမ်းချမ်း လမ်းလျောက်န
24. လွတ်လပ်မှုကို အခုပဲ ရယူပါ
2022/06/15
ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ ++++++++++++++++++++++ ခုန ပြောခဲ့သလို ကောင်းကင်နိုင်ငံကို ထိတွေ့နိုင်ဖို့ အလေ့အကျင့်နည်းနည်းနဲ့ အတူတူ လေ့ကျင့်ဖော်တယောက်ပဲ လိုတယ်။ သူငယ်ချင်းပဲဖြစ်ဖြစ်၊ ညီအကိုမောင်နှမပဲဖြစ်ဖြစ် ရင်းနှီးသူတယောက် ဆိုရင်တော့ ပိုကောင်းတာပေါ့။ တယောက်ယောက်က သတိအကျင့်လေးနဲ့ လမ်းလျောက်နေတာကို မြင်ရင် တခြားသူတွေကလည်း လိုက်လုပ်ချင်လာတာပဲ။ . ကျနော့်ဆီကို ပြင်သစ်က အကျဥ်းသားတဦးက စာရေးဖူးတယ်။ သူက ကျနော့်စာအုပ်တွေဖတ်ပြီး သူ့ဘာသာ သတိအကျင့်နဲ့ လမ်းလျောက်တယ်တဲ့။ အကျဥ်းထောင်ရဲ့ လှေကားထစ်တွေကို အခေါက်ပေါင်းများစွာ သတိအကျင့်နဲ့ အတက်အဆင်းလုပ်တယ်။ သူ့ခြေလှမ်းတိုင်းကို သူကျေနပ် နေမိတယ်။ အဲလိုစကျင့်တဲ့အချိန်က စပြီး သူ့ဘဝဟာ ပြောင်းသွားတယ်။ အရင်ကထက်စာရင် အများကြီး ငြိမ်းချမ်းလာတယ်။ တခြားသူတွေ အလောတကြီး သွားလာတာကို တွေ့ရင် သူမှာ သူတို့ကို သတိအကျင့်နဲ့ လမ်းလျောက်တတ်နိုင် သင်ပေးချင်စိတ် ဖြစ်မိတယ်တဲ့။ သူလိုပဲ သူတို့ကို ငြိမ်ချမ်းစေချင်တဲ့ ဆန္ဒ ဖြစ်မိတယ်လို့ ရေးထားတယ်။ . လမ်းလျောက်တဲ့အခါ လွတ်လပ်သူ တယောက်လို လျောက်ကြပါ။ ခြေလှမ်းတိုင်းက မိမိသိက္ခာ၊ ယုံကြည်မှု၊ လွတ်လပ်မှု တွေကို ယူလာပေးနေတယ် ဆိုတဲ့စိတ်နဲ့ လျောက်ပါ။ အဲလိုသာ သတိနဲ့ လျောက်လှမ်းနေရင် ဟိုစာရေးတဲ့ မိတ်ဆွေလို ခင်ဗျားတို့ရင်ထဲမှာ ငြိမ်းချမ်းမှုတွေ၊ စာနာမှုဂရုဏာတွေ ပေါ်လာလိမ့်မယ်။ . လူအများစုဟာ အကြောက်တရား၊ အမုန်း၊ ဒေါသ၊ တွေေဝမှုတွေနဲ့ လျောက်နေတယ် ဆိုတာကို သတိထားမိလာလိမ့်မယ်။ အဲလို အခါမှာ သူတို့ကိုလည်း ပစ္စုပ္ပန်တည့်တည့် လွတ်လပ်သူတွေ အဖြစ် နေတတ်အောင်၊ စားတတ်အောင်၊ လမ
23. သင်ဟာလည်း အံ့ဖွယ်ရာ
2022/06/15
ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ --- Send in a voice message: https://podcasters.spotify.com/pod/show/the-healing-path-myanmar/message
22. တန်ခိုးသတ္တိများကို ထိတွေ့ခြင်း ၊ သစ်နက်ဟန်
2022/06/14
ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ --- Send in a voice message: https://podcasters.spotify.com/pod/show/the-healing-path-myanmar/message
21. လွတ်လပ်ရေးကို စိုက်ပျိုးမယ် ၊ သစ်နက်ဟန်
2022/06/01
ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ --- Send in a voice message: https://podcasters.spotify.com/pod/show/the-healing-path-myanmar/message
20. လွတ်မြောက်စေခြင်း၏ စွမ်းအင်၊ သစ်နက်ဟန်
2022/05/30
ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ --- Send in a voice message: https://podcasters.spotify.com/pod/show/the-healing-path-myanmar/message
19. မေတ္တာနဲ့လူ့အဖွဲ့အစည်းအကြောင်း ၊ ဂျေဒုကရိသျှမုတ္တိ
2022/05/28
ဂျေဒုကရိသျှမုတ္တိ၏ Penguin Krishnamurti Reader တွင် ပါရှိသော For the Young အပိုင်းတွင်ပါရှိသော ဟောပြောချက် ၂၄ ခုကို စုစည်းပြီး ရှင်သန်နေသော ဘဝ အမည်ဖြင့် ဆရာမောင်သာမည ဘာသာပြန်ထားသော စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။ --- Send in a voice message: https://podcasters.spotify.com/pod/show/the-healing-path-myanmar/message

Podcast reviews

Read The Healing Path_Myanmar podcast reviews


5 out of 5
2 reviews
★★★★★
Gar Gyi 2022/05/20
Nice Burmese podcast for psychological well-being
Nice Burmese podcast for psychological well-being
check all reviews on apple podcasts

Podcast sponsorship advertising

Start advertising on The Healing Path_Myanmar relevant audience podcasts


What do you want to promote?