1584122887
Rehmonnya Pyithu FM - ရာမညပြည်သူ့FM

Advertise on podcast: Rehmonnya Pyithu FM - ရာမညပြည်သူ့FM

Rating
★★★★★
5
from
2 reviews
This podcast has
16 episodes
Language
English
Explicit
No
Date created
2021/09/02
Latest episode
2021/12/15
Average duration
4 min.
Release period
10 days

Description

Students fighting against dictatorship in Mon State will be able to present the radio program in sections. There are voices from four different ethnicities, namely Pa - O, Karen, Mon and Burmese lived in Mon State.

Unlock Rehmonnya Pyithu FM - ရာမညပြည်သူ့FM podcast Email contact info,
Listeners & Audience details

Email contact information

Direct podcast contact details

Listeners

Audience numbers & engagement insights

Audience details

Podcast Insights

Podcast episodes

Check latest episodes from Rehmonnya Pyithu FM - ရာမညပြည်သူ့FM podcast


ဖက်ဒရယ်ပြည်ထောင်စုဆီသို့ (ဆောင်းပါး) အပိုင်း(၁)
2021/12/15
ကျွန်မတိုရဲ့ ယခုပြည်ထောင်စုနိုင်ငံတော်ဟူ၍ ပေါင်းစည်းတည်ထောင်မှုမပြုရသေးခင် ရှေးယခင်ပဒေသရာဇ်ကိုလိုနီစနစ်များအတိုင်း လူမျိုးစုနိုင်ငံတော်များသည် အားကြီးရာလူမျိုးစုနိုင်ငံတော်များ၏လက်အောက်ခံဘဝသို တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ကြရပါသည်။ ခေတ်ကာလနှစ်အပိုင်းအခြားဖြင့် တင်ပြရသော် အောက်ပါလူမျိုးစုပြည်နယ်၊ ဒေသ၊ ခရိုင်၊ နိုင်ငံများသည် ဗြိတိသျှအစိုရက ဗမာပြည်မဟုခေါ်သော Ministerial Burma လက်အောက်ခံနယ်များအဖြစ်ကျရောက်ခဲ့ရသည်။ ၁။ မွန်လူမျိုးတို၏ ဩဇာအာဏာများသည် အလောင်းမင်းတရာလက်ထက် ခရစ်နှစ် ၁၅၇၅ ခုနှစ်တွင်လည်းကောင်း…….။ ၂။ ရခိုင်လူမျိုးများကို ဘိုးတော်ဘုရားက ၁၇၈၄ ခုနှစ်တွင်လည်းကောင်း အသီးသီး နယ်ချဲ့ကျူးကျော်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို ၁၈၈၆၊ ဇန်နဝါရီ (၁) ရက်နေ့တွေင် ဗြိတိသျှအင်ပါယာသို သွတ်သွင်းကြောင်း ကြေညာသည့်အခါ အဆိုပါ မွန်လူမျိုးတို၏ နိုင်ငံတော်၊ ရခိုင်လူမျိုးတို၏ နိုင်ငံတော်သည်လည်း Ministerial Burma ဟုခေါ်သော မြန်မာပြည်မ အဖြစ်သာ တပါတည်း ပါဝင်ခဲ့ကြရလေသည်။ ၃။ သိုသော် ချင်းလူမျိုးများကိုမူကား ဗြိတိသျှတိုသည် မြန်မာပြည်မကို သိမ်းယူနိုင်ခဲ့သည့် ၁၈၈၆ ခုနှစ်ထက် (၁၀) နှစ်နောက်ကျပြီး ၁၈၉၆ ခုနှစ်မှသာ တရားဝင်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။  ၄။ ကရင်လူမျိုးများသည်လည်း ချင်းလူမျိုးကဲ့သို မြန်မာပြည််မ၏ လက်အောက်ခံအဖြစ်သိမ်းယူခဲ့ရခြင်းမဟုတ်သော်လည်း ၁၉၃၅ ခုနှစ်တွင် မြန်မာပြည်မကို အိန္ဒိယနိုင်ငံမှ ခွဲထုတ်ပြီး သီးခြားဘုရင်ခံဖြင့်အုပ်ချုပ််မည့် ၁၉၃၅ ခုနှစ် အက်ဥပဒေအရ ဖွဲစည်းရမည့် ဗြိတိသျှအစိုးရ၏ အတိုင်ပင်ခံကောင်စီတွင် ကရင်လူမျိုးများ အမတ်နေရာရယူခြင်ရအားဖြင့် ကရင်လူမျိုးမျာ
တော်လှန်ကဗျာကဏ္ဍ - အနာဂတ် တမ်းချင်း (နေမခ)
2021/09/30
"အနာဂတ် တမ်းချင်း" ငါဟာ လပြည့်လကွယ်ဆိုရင်  ဒီရေ အထူးသတိထားတယ်.....။ ညအမှောင်မှာ မမြင်ရပေမယ့် မထွက်သေးတဲ့ နေမင်းကို ငါလှမ်းလို့ နှုတ်ဆက်ထားတယ်.....။ မိုးသံတွေညံလို့  ဖားတွေပျော်နေကြပြီဆို လယ်ထဲဆင်းဖို့ ထွန်တုံးပြင်ထားတယ်....။ အဲဒီလို မမြင်ရသေးပေမယ့် အဲဒီလို မတွေ့ရ သေးပေမယ့် အဲဒီလို မကြားရသေးပေမယ့် တစ်ခုသော တစ်နေ့အတွက် ငါဟာ ပျော်နေတယ် ငါဟာ ဝမ်းသာနေတယ် ငါဟာ မှန်းရည်ကြိုးစားနေတယ်။ ဒါတွေဟာ ဘယ်ဘုရားကမှ ပေးတာမဟုတ် ဒါဟာ ဘယ်သူကမှ တိုက်တွန်းနှိုးဆော်လို့ မဟုတ် ဒါဟာ ဘယ်သူ့ပယောဂကြောင့်မှ မဟုတ်…. ငါတို့ရဲ့ စိတ်ဝိဉာဉ် ငါတို့ရဲ့ ယုံကြည်ချက် ငါတို့ရဲ့ လုံ့လဇွဲနပဲတွေကပေးတဲ့ တော်လှန်ရေး တပ်လှန့်သံ တော်လှန်ရေး စစ်ချီသံ တော်လှန်ရေး သန္နိဒ္ဒါန် တော်လှန်ရေး အောင်ပွဲရဲ့ ကြွေးကြော်သံ ဒါဟာ ငါတို့ရဲ့ အနာဂတ်တမ်းချင်းပဲ…….။ #နေမခ
တော်လှန်ကဗျာကဏ္ဍ - ကာရံမဲ့ ဘဝ (မင်းသုဓမ္မ)
2021/09/28
"ကာရံမဲ့ ဘဝ" တချို့ကျ  ကိုယ့်အသက်ဘေးအတွက် လွတ်မြောက်မှုကိုရှာတယ်….။ တချို့ကျ  သူများအသက်ဘေးအတွက် သေရဲလိုက်ကြတယ်….။ ဘယ်အသက်က  အပိုတခုပါခဲ့ကြတာလဲ….။ တချို့ကျ  လွတ်မြောက်ဖို့အတွက် အချုပ်ခံလိုက်ကြတယ်။ တချို့ကျ ရှင်ဖို့ရာအတွက် အနင်းခံခဲ့လိုက်ကြတယ် တချို့ကျ  နေရာရဖို့ရာအတွက် ရှင်သန်နေကြတယ်တဲ့......။ ဘဝ ဘဝ  ဘဝအဓိပ္ပါယ်က ဘယ်တခုများလဲ…..။  မင်းသုဓမ္မ 12:00AM 11.8.21
တော်လှန်ကဗျာကဏ္ဍ - ညည အိပ်ပျော်ပါစေ (နွေဦးတိမ်)
2021/09/13
‘’ညညအိပ်ပျော်ပါစေ’’ ငါတို့အနာဂတ်တွေပျောက် အာဏာရူးက လုတာခံလိုက်ရတယ် တရားတာ မတရားတာ မစဉ်းစား ပိုနေမြဲ ကျားနေမြဲ အာဏာရူးနေမှုက အခုထိကြီးစိုးနေဆဲ......။ လမ်းမထက်မှာ တင့်ကားတလူလူ အဲဒါငါတိုချွေးနှဲစာနဲ့  ခင်းထားတဲ့လမ်း မင်းတို သွေးရူးသွေးတမ်း လျှောက်မောင်းစမ်းနေဖို့ မဟုတ်ဘူး.....။ ကုတင်ပေါ်မှာ လူနာတွေ ပုခက်ထဲက ကလေးတွေ ကိုယ်လေးလက်ဝန် ပြည်သူတွေ မြေးမမြင်ဖူးသေးတဲ့ ရွယ်အိုတွေ ဘယ်သူတွေကို မင်းတို့ထောက်ခဲ့သလဲ...။ ထောက်ချင် ထောက်  သေနတ်နဲ့ ထောက်မပေါ့။ ဖောက်ချင် ဖောက် ဗျောက်မကတဲ့ အမြှောက်တွေ ဖောက်ကြမပေါ့...။ မှောက်ချင် မှောက်  အာဏာရူးတွေအောက်  မင်းတို့ခေါင်းတွေ မှောက်ပေးခဲ့ကြမပေါ့။ မင်းတို့ လက်ကွေးတတ်ဖို့  ငါတို့ပြည်သူတွေ မွေးထုတ်ထားပေးတာ မင်းတို့အထက် အပွင့်တွေဝေဖို့ ငါတို့ အနာဂတ်တွေ ထိုးကျွေးခံထားရတာ မင်းတို့လှမ်းတဲ့ ခြေလမ်းတိုင်းအတွက် ငါတို့ အခွန်တွေ ထမ်းပေးထားခဲ့ရတာ....။ တာဝန်ကို ဦးထိပ်ပန်ဆင် နိုင်ငံ့ဂုဏ်ကို မြှင့်မတဲ့လား အမိန့်ကို လိုသလိုဆင် ပြည်သူကို နင်းချေဖို့ပြင်ပြီး အာဏာကို လိုချင်တဲ့သူအတွက် ပြည်သူတွေကို ဘေးချ အာဏာရူးကို ဖေးမနေသရွေ့ကတော့ နိုင်ငံ့ဂုဏ်မပြောနဲ့ ပုံပြင်တစ်ပုဒ်တောင် မမျှော်နဲ့....။ စစ်သည်ကို မြတ်နိုးလိုဆိုဆို တိုင်းပြည်ကို ကာကွယ်ဖို့ဆိုဆို တာဝန်ကို အပိုလိုမဆိုချင်ပေမယ့် မင်းတို့အသိတရား မပျက်သွားဖို့ လိုတယ်...။ သွေးလေတွေ ခြောက်ခြား အာဏာရူးအနား ကပ်ပါးပြီး မတရားအမိန့်ကို ဦးတော်တင် အသိဉာဏ်ကို ခြေတော်ထား တိုင်းပြည်ကို ဖျက်မယ့်ဟန်ဆင်ရင်တော့ လက်နက်မရှိတဲ့ ငါတို့ပြည်သူတွေ မင်းတို့အတွက်  ဆုတစ်ခုတောင်းပေးလိုက်မယ် ညည အိပ်ပျော်ပါစေ.....။ နွေဦးတိမ် ၂.၂.၂၀၂၁
တော်လှန်ကဗျာကဏ္ဍ - ဝိုင်းကူတွန်းကြမယ်လေ (Myo Min)
2021/09/13
"ဝိုင်းကူ တွန်းကြမယ်လေ" သူငယ်ချင်းရေ မင်းဟာ ကရင် ငါ ကချင်ဖြစ်လို့ ရင်ဘတ်ချင်း မတူရဘူးလား။ သူငယ်ချင်းရေ မင်းဟာ ရခိုင် ငါ ကယားဖြစ်လို့ အမှားက အမှန်ဖြစ်ရတာလား။ သူငယ်ချင်းရေ မင်းဟာ ချင်း ငါ ရှမ်းဖြစ်လို့ ပန်းရနံ့က ယမ်းနံ့သင်းရတာလား။ သူငယ်ချင်းရေ မင်းဟာ ဗမာ ငါ မွန်ဖြစ်လို့ ခွေးဆိုးခွေးစစ်တွေကို ချစ်တတ်ရမှာလား။ သူငယ်ချင်းရေ မင်းဟာ ကုလားဖြစ်လို့ မင်းဟာ တရုတ်ဖြစ်လို့ မင်းဟာ လူမည်းဖြစ်လို့ မင်းဟာ လူဖြူဖြစ်လို့ မတူတာက အပြစ်လား။ သူငယ်ချင်းရေ လောကမှာ  လူလာဖြစ်တာမို့ မတူတာ အပစ်မဟုတ် မင်းဆိုးမင်းညစ် ခွေးဆိုး ခွေးစစ်ကို နှစ်သက်လျှင်တော့ သူငယ်ချင်းရေ မင်း...လူမဟုတ်။ သူငယ်ချင်းရေ ရှေ့မှာ...ခွေးဆိုး ခွေးစစ်တွေ တို့ကလေးရဲ့အနာဂတ်ကို နင်းဖျက်နေကြပေ...။ တို့ကလေး အနာဂတ် ခရီးဆက်ဖို့ တစ်ယောက်တစ်လက် ဝိုင်းကူ တွန်းကြမယ်လေ။ Myo Min 28.6.21 12:53AM(Monday)
တော်လှန်ကဗျာကဏ္ဍ - ကျိုးသောအညွှန့်များ (ကိုဟိန်း(KyH))
2021/09/11
"ကျိုးသော အညွှန့်များ" အချိန်လည်းသင့် ၊ အရွယ်လည်းကောင်း၏။ သိုသော် တက်လမ်းမလှခဲ့။ အချိန်စတေး ၊ ငါတိုယူသော ပညာသည်လည်း အညွှန့်ကျိုးလျက်။ အရွယ်ရယ်ရောက် ၊ အတွေးပေါက်တော့ နောင်တများစွာ ရင်ဝယ်ပိုက်လျက်။ ပညာ ပညာ.. ငါတိုရသော ပညာသည်ကား လူရာမဝင် ၊ လူတောမတိုး ချာလွန်းခဲ့ပြီ။ အညွှန့် တလူလူ ရွက်နုများလည်း ၊ တက်မည့်အစား ကျိုးပေါင်းအကြိမ် ၊ များလွန်းခဲ့ပြီ။ ဒါမျှမမှတ် ၊  ၁ နှစ် (၂) တန်း ခွေးစကားအား ၊ အဟုတ်မှတ်လျက် ယုံစားလျှင်လည်း….. သွားပေအုံးပေါ့ ၊ မြောင်းထဲ…                   ကိုဟိန်း(KyH).
တော်လှန်ကဗျာကဏ္ဍ - ငါတို့အိမ် ငါတို့မြို့ ငါတို့တိုင်းပြည် (မင်းမွန်ဆောင်း)
2021/09/08
"ငါတို့အိမ်၊ ငါတို့မြို့၊ ငါတို့တိုင်းပြည်" လမ်းမကြီးထက်က မခြောက်သေးသော သွေးကွက်တွေ၊ သံတိုင်တွေနောက်က အချုပ်နှောင်ခံ ဘဝတွေ၊ လျှောက်ခဲ့တဲ့လမ်းတွေဟာ မဖြောင့်တန်း လျှောက်ကြတဲ့လမ်းတွေဟာ ကြမ်းတယ်။ နွေးထွေးတဲ့မြို့ကလေးကနေ ထွက်လာခဲ့ကြရ၊ နွေးထွေးတဲ့အိမ်ကလေးကနေ ခဏတာစွန့်ခွာခဲ့ကြရ၊ ယုံကြည်ချက်နဲ့ ယုံကြည်မှုပြင်းထန်ခြင်းက ငါတို့တော်လှန်ရေးရဲ့ အောင်နိုင်ခြင်းပဲ။ သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ တိုင်းပြည်ရဲ့ဒဏ်ရာကိုကုသဖို့၊ နာတာရှည်ရောဂါလိုစွဲကပ်နေတဲ့ အာဏာရှင်စနစ်ဆိုးကိုအမြစ်ဖျက်ဖို့၊ ကောင်းကင်ယံအထိ ငါတို့ပျံသန်းလာခဲ့တယ်။ အာဏာရှင်တွေရဲ့နေဝင်ချိန် ငါတို့အတွက်တော့ အရုဏ်ဦးပဲ၊ ကျေးငှက်လေးတွေရဲ့ အော်မြည်သံတွေနဲ့အတူ တိုင်းပြည်သစ်တစ်ခုကိုတည်ထောင်မယ်၊ နွေးထွေးတဲ့ငါတို့မြို့လေးနဲ့ ငါတို့အိမ်ကိုပြန်မယ်။ -မင်းမွန်ဆောင်း
ဖက်ဒရယ်ပြည်ထောင်စုဆီသို့ (ဆောင်းပါး) အပိုင်း(၅)
2021/09/06
၁၉၄၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ကချင်ကိုယ်စားလှယ်ခေါင်းဆောင်များသည် ပင်လုံသို့အလာ ကွတ်ခိုင်မြို့၊နမ့်ဖတ်ရွာတွင် ဦးစွာစုဆုံမိကြပြီး အောက်ပါသဘောတူညီချက်များကို ဆွေးနွေးဖြစ်ခဲ့ကြသည်။ (၁)ကချင်အမျိုးသားများအား ဗမာအမျိုးသားတွေနဲ့ တပြိုင်တည်းလွတ်လပ်ရေးပေးရန် (၂)ကချင်အမျိုးသားများရဲ့ ဆန္ဒနဲ့အညီ ကချင်သီးခြားလွတ်လပ်တဲ့နိုင်ငံထူထောင်ရန်အတွက် ကချင်အမျိုးသားပြည်နယ်ဖွဲစည်းရန်။ (၃) လွတ်လပ်တဲ့သီးခြားကချင်နိုင်ငံထဲမှာ ဗန်းမော်ခရိုင်နဲ့မြစ်ကြီးနားခရိုင်များ၊ကချင်တောင်တန်းဒေသများနဲ့ ကသာမြို့ရဲ့မြောက်ဘက်မြေပြန့်ဒေသများ ပါဝင်စေရန်။ (၄)ဗမာအမျိုးသားများနဲ့ကချင်အမျိုးသားများ နှစ်ဦးနှစ်ဘက်လက်ခံနိုင်တဲ့ နယ်နိမိတ်ချက်ချင်းသတ်မှတ်ရန်။ (၅) နယ်နိမိတ်သတ်မှတ်ပြီးပြီးချင်း ဗမာပြည်ဘုရင်ခံလက်တွင်ရှိတဲ့အခွင့်အာဏာများ၊ကချင်အမျိုးသားများလက်သို့ပေးအပ်ရန်နဲ့ ဗမာပြည်ကြားဖြတ်အစိုးရအဖွဲ့မှာ ကချင်အမျိုးသားဝန်ကြီးတဦးခန့်အပ်ရန်၊(၅-က)ယင်းကချင်ဝန်ကြီးသည် သီးခြားကချင်ပြည်နယ်တွင် ပြည်ထဲရေးဝန်ကြီးဆောင်ရွက်ရန်၊(၅-ခ)ကချင်ဝန်ကြီးမှာ နိုင်ငံခြားရေးနှင့်ဘဏ္ဍာရေးကိစ္စရပ်များတွင် ပါဝင်နိုင်ရန်(၅-ဂ) ကာကွယ်ရေးဝန်ကြီးကိုအကြံပေးရန်အတွက် ကချင်အမျိုးသားတဦး ခန့်ထားပေးရန်(၆) သီးခြားကချင်ပြည်နယ်သည် ရှမ်းသီးခြားပြည်နယ်နဲ့အတူ ဗမာတနိုင်ငံလုံး စောလျင်စွာလွတ်လပ်ရေးရရှိရေးအတွက် တိုင်းပြုပြည်ပြုလွှတ်တော်မှာချက်ချင်းပါဝင်ကြရန်(၇) အထက်မှာဖော်ပြထားတဲ့အတိုင်း ဗမာအမျိုးသားအားလုံးလွတ်လပ်ရေးရသည့်အခါ သီးခြားလွတ်လပ်တဲ့ကချင်နိုင်ငံအပါအဝင် လွတ်လပ်တဲ့ဗမာပြည်ပြည်ထောင်စုအစိုးရဖွဲစည်းရန်။ ခြင်းချက်အနေဖြင့် (က)သီးခြားကချင်နိုင်ငံက ပြည်ထောင်စုအ
တော်လှန်ကဗျာကဏ္ဍ - တော်လှန်ရေးမျိုးဆက်သစ် (Egret)
2021/09/02
တော်လှန်ရေးမျိုးဆက်သစ် ခံယူချက်ချင်းတူတဲ့လူတွေနဲ့ ဆုံစည်းခဲ့တယ် ရည်ရွယ်ချက်ချင်းတူတဲ့သူတွေနဲ့ ဆုံစည်းခဲ့တယ်...။ အတူတူ ပန်းတိုင်ဆီချီတက်နေရင်းနဲ့ ဖိနှိပ်သူတွေကြောင့် ဝေးသွားခဲ့ရတယ်...။ တောတွေမှာတချို့ တောင်တွေမှာတချို့ ရေမြေခြားမှာတချို့ အကျဉ်းကျသူတချို့ အကျယ်ကျသူတချို့ ကြွေလွင့်ခဲ့ရသူတချို့........။ သမိုင်းတွေရိုင်းခဲ့လေသမျှ လူသားအရင်းအမြစ်တွေ ပေးဆပ်နေရဦးမယ့် ဒီနိုင်ငံတော်ကြီးကို ရင်နှင့်အမျှ ချစ်လျက်ပါ....။ ဒီတော်လှန်ရေး မနိုင်စရာအကြောင်း တစ်ခုမကရှိနေလည်း နိုင်အောင်တိုက်မယ့် မျိုးဆက်သစ်တွေ  သန်းပေါင်းများစွာ ရှိနေတယ်....။ ဘယ်သောအခါမှ မလျှော့သောဇွဲဖြင့် အောင်လံကို လွှင့်ထူနိုင်မယ့်နေ့အထိ အသက်ရှင်အောင် ကြိုးစားလို့ အရေးတော်ပုံ အောင်ရမည်။            Egret(12:45AM)
ဖက်ဒရယ်ပြည်ထောင်စုဆီသို့ (ဆောင်းပါး) အပိုင်း(၄)
2021/09/01
     မိဘပြည်သူများရှင် ကျွန်မတို့ရာမညပြည်သူ့FMကနေ ပြည်ထောင်စုရဲ့အနှစ်သာရ ပင်လုံစာချုပ်အကြောင်း ဆွေးနွေးထားတဲ့ "ဖက်ဒရယ်ပြည်ထောင်စုဆီသို့ "ဆောင်းပါးကို တင်ဆက်ပေးခဲ့တာဟာ ဒီအပတ်မှာဆိုရင် အပိုင်း - ၄ ကို တင်ဆက်ပေးဖို့ ကျရောက်လာပါပြီ။ ယခင်တပတ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်မလွတ်လပ်ရေးနဲ့အတူ တောင်တန်းဒေသများကိုပါ အတူတကွ ပူးတွဲလွတ်လပ်ရေးပေးဖို့ ဗြိတိသျှဘုရင်ခံ အက်တလီနဲ့ လန်ဒန်မှာ တွေ့ဆုံခဲ့တဲ့အပေါ် ရှမ်းစော်ဘွားများနှင့် ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ (ရပလ) တို့၏ သဘောထားများကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီတပတ်မှာတော့ အဲဒီလို ရှမ်းစော်ဘွားများရဲ့ ကြေးနန်းစာနဲ့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ လူငယ်များရဲ့ ကြေးနန်းစာများက ဗမာပြည်မနဲ့အတူ တောင်တန်းဒေသများရဲ့ လွတ်လပ်ရေးအတွက် ဘယ်လို သက်ရောက်ခဲ့လဲဆိုတာကို တင်ပြပေးသွားပါမယ်ရှင်….။      ထိုသို့ ရှမ်းစော်ဘွားများက ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာပြည်မကိုယ်စားလှယ်ကို ကိုယ်စားမပြုကြောင်းနှင့် ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့က ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာပြည်မနှင့်အတူ တောင်တန်းဒေသကို တပါတည်းလွတ်လပ်ရေးပေးဖို့ တောင်းဆိုချက်ကို ထောက်ခံကြောင်း ကြေးနန်းစာများကြောင့် အောင်ဆန်း-အက်တလီစာချုပ်တွင် နယ်ခြားဒေသ (တနည်း) တောင်တန်းဒေသများနှင့် ဗမာပြည်မ ပေါင်းစည်းရေးကို  ဗြိတိန်ဘုရင်မင်းမြတ်ကလည်း သဘောတူကြောင်း၊ သို့သော် တောင်တန်းဒေသနှင့် ဗမာပြည်မတို့နှစ်ဦးနှစ်ဖက် လက်ခံသဘောတူသောနည်းဖြင့် ပေါင်းစည်းကြရမည်ကို ရည်ရွယ်သောကြောင့် အောင်ဆန်း - အက်တလီစာချုပ် ပုဒ်မ (၈)တွင် နယ်ခြားဒေသများနှင့် ဗမာပြည်မရှိလူများသည် အတားအဆီးမရှိဘဲ ကူးလူးဆက်ဆံခွင့်၊ နယ်ခြားကိစ္စများတွင် ဘုရင်ခံကို အကြံပေးရန် နယ်ခြားက
တော်လှန်ကဗျာကဏ္ဍ - အောင်နိုင်သူသည် သင်သာ (Krentz)
2021/09/01
"အောင်နိုင်သူသည် သင်သာ" တကိုယ်ကောင်းဆန်စွာ  ရှင်သန်ရမလား လောကကြီးရယ်  ဒီစိတ်ဟာ  အတ္တနဲ့နောင်တဆီ ဦးတည်နေတယ် တစ်ခုခုအတွက် သေဆုံးဖို့တွေးတိုင်း အဝေးကိုမျှော်နေတဲ့ဒီလူမှာ  မျှော်လင့်ချက်မရှိ  အနာဂတ်လည်းမရှိပြန် သစ်ရွက်တွေဟာ  လေတစ်ချက်အဝေ့မှာ  အစုလိုက် ကြွေတယ် ရာသီဥတုမမျှလို့  တစ်ချို့ဟာ ဆွေးတယ်  တစ်ချို့ဟာ အေးချမ်းစွာ ဝေတယ် လှလှပပ ပွင့်ရမယ့် ပန်းဖူးတွေဟာ မိုးဒဏ်လေဒဏ်ကြောင့်  အချိန်မကျခင် မြေခတယ်...။ အငြိုးကြီးတဲ့ ဒီရာသီ သွေး၊ မျက်ရည်စနဲ့ နွေကို ဦးညွတ်တယ်.......။ နွေ  အစွန်းအထင်းလေးတွေနဲ့ နွေ စိမ်းစိုတဲ့ ဒီလယ်ကွင်းမှာ  အပင်ဖျက်ပိုး စဝင်တယ်......။ သာယာဝပြောတဲ့ ဒီမြေ မင်းဆိုးဟာ အာဏာလုတယ် ပြည်သူတွေမှာ  လေကို ရှူရင်းရှိုက်ရင်း ပြေးရင်းလွှားရင်း  သူရဲကောင်းတွေကို ပါရမီဖြည့်တယ်......။ တချို့... အပြင်ပန်းလှတဲ့ လှောင်အိမ်ထဲ ရုန်းမထွက်နိုင်အောင် ညွတ်တယ် နောက်... ပြည်သူ့လျှို့ဝှက်ချက်ကို ဖော်..  အခကြေးငွေ ယူတယ် အမှန်သတင်း အမှောင်ချကာ လောကကြီးဟာ မြန်မာအရေး...  ခေတ် နောက် ကျကျန်ခဲ့........ အဆုံးတော့.. အောင်နိုင်သူမှာ တော်လှန်ရေးနိုင်ကြောင်း  အလံလွှင့်တယ် လူမဆန်တဲ့ လူသတ်သူဟာ သူပျိုးတဲ့ သူ့နွံမှာ ရုန်းရင်း နစ်ရင်း  လှုပ်ရင်း မြုပ်ရင်း... သူပစ်တဲ့ ကျောက်တုံး နောက်ဆုံး သူ့ကိုပြန်မှန်တာ  သူမသိလေရော့သလား                             Krentz
အမှန်တရားဘက်က ပြည်သူ့နှလုံးသား အပိုင်း (၂)
2021/08/31
အကြမ်းဖက်စစ်တပ်ရဲ့  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကစပြီး အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူတို့ရဲ့ ဘဝအခြေအနေများကို ပုံဖော်တင်ဆက်ထားပါသည်။

Podcast reviews

Read Rehmonnya Pyithu FM - ရာမညပြည်သူ့FM podcast reviews


5 out of 5
2 reviews

Podcast sponsorship advertising

Start advertising on Rehmonnya Pyithu FM - ရာမညပြည်သူ့FM relevant audience podcasts


What do you want to promote?