352604027
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

Advertise on podcast: ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

Rating
★★★★☆
4.3
from
123 reviews
Categories
Country
United States
This podcast has
25 episodes
Language
English
Explicit
No
Date created
2010/01/26
Latest episode
2026/09/20
Average duration
16 min.
Release period
2 days

Description

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

Unlock ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် podcast Email contact info,
Listeners & Audience details

Email contact information

Direct podcast contact details

Listeners

Audience numbers & engagement insights

Audience details

Podcast Insights

Podcast episodes

Check latest episodes from ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် podcast


ကြံ့ခိုင်ရေးပါတီညီလာခံ ပြီးဆုံးသွားပြီး ဦးမင်းအောင်လှိုင်ရဲ့ လူယုံတွေထဲက ၂ ယောက်လောက် ဗဟ
2026/09/20
- မော်စကိုမြို့နဲ့ ပတ်ဝန်းကျင်မှာ ရုရှား လွှတ်တော်ရွေးကောက်ပွဲ နောက်ဆုံးရက်အတွင်း ယူကရိန်း ဒရုန်းတွေရဲ့ ညလုံးပေါက် တိုက်ခိုက်တာကို ခံခဲ့ရ။ - အမေရိကန်ဟာ သူတို့အပေါ် စစ်ဆင်ရေး ပြန်စဖို့ ပြင်နေတဲ့ လက္ခဏာတွေ တွေ့ရတယ်၊ ဒေသတွင်းနိုင်ငံတွေ အနေနဲ့ အမေရိကန်နဲ့ မပူးပေါင်းဖို့ နဲ့ အမေရိကန်ရဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို တုံ့ပြန်လက်စားချေသွားမယ်လို့ အီရန်ပြော။ - အမေရိကန်သမ္မတ ထရမ့်က ဝါရှင်တန်ဒီစီမှာ သူဆောက်ချင်တဲ့ အောင်ပွဲခံ မုခ်ဦးကြီးမှာ ဒရုန်းတွေ၊ စနိုက်ပါသမားတွေနဲ့ ခဲယမ်းမီးကျောက်တွေကို ထားရှိမယ့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံ အဖြစ်လည်း သုံးသွားမယ်လို့ ပြောပါတယ်။ - မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်ပြင်ထဲ ဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့ပြီး အဲဒီအထဲက တစင်းက တာတိုပစ် ပဲ့ထိန်းဒုံးကျည်လို့ တောင်ကိုရီးယား ကာကွယ်ရေးဌာန အရာရှိတွေက ပြောပါတယ်။ - အင်္ဂလန် ဘောလုံးသမားဟောင်း အန်းဒရိုးစ် တောင်ဆန်ဟာ ထိုင်းမှာ မော်တာမောင်း မြေညှိစက်တစ်စင်း တိုက်ခံခဲ့ရပေမယ့် ဒဏ်ရာရမသွားခဲ့ဘဲ အခင်းဖြစ်ပြီးနောက် ဆက်လေ့ကျင့်ခန်းလုပ်ကာ နောက်ပိုင်းမှာ သူတို့အသင်း အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အစားထိုးကစားသမားအဖြစ် ဝင်ကစားပေးခဲ့ပါတယ်။ - ဟောင်ကောင်မှာ ဗြိတိန်အုပ်ချုပ်မှု ပြီးဆုံးပြီးနောက်ပိုင်း ပထမဆုံး ခေါင်းဆောင် တန်ချီဟွား စျာပန ကျင်းပခဲ့ပြီး အရေးကြီးပုဂ္ဂိုလ်တွေ တက်ရောက် ဂါရဝပြုခဲ့ကြပါတယ်။ - သီရိလင်္ကာ လေတပ်ဟာ မိုးခေါင်ဒေသတွေ မိုးရွာစေဖို့ စစ်လေယာဉ်မှာ ဘုန်းတော်ကြီး သုံးပါးတင်ဆောင်ကာ ပရိတ်တရားတွေ ရွတ်ဖတ် ရေစင်တွေ ကောင်းကင်ကနေ ဖြန့်ကြဲ ပက်ဖျန်းခဲ့ပြီး ဒါကို စစ်တပ်က ကရုဏာ သင်္ကေတပြ လုပ်ရပ်တစ်ခုအဖြစ် ဖော်ပြခဲ့
လွှတ်တော်ခွင့်ပြုချက် မရသေးဘဲ ပြည်ထဲရေးဝန်ကြီး အဖြစ် ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ခန့်
2026/09/19
- အမေရိကန်နဲ့ ဒိန်းမတ်ကြား ဂရင်းလန်းဒေသနဲ့ ပတ်သက်လို့ ရေရှည်အငြင်းပွားမှုတစ်ရပ်ကို ဖြေရှင်းပေးတဲ့ သဘောတူညီချက်တစ်ရပ်ကို ကြေညာပြီးနောက် နေတိုးအဖွဲ့ဟာ အာတိတ် ဒေသလုံခြုံရေးကို အဓိက ဦးစားပေးလုပ်ငန်းစဉ်တစ်ခုအဖြစ် သတ်မှတ်ထားတယ်လို့ ပြော။ - ယူကရိန်းအပေါ် ဆက် စစ်ဆင်နွှဲနေတာကြောင့် ရုရှားကိုကျယ်ပြန့်တဲ့ အရေးယူ ပိတ်ဆို့မှုသစ်တွေ ချမှတ်ဖို့ ခွင့်ပြုတဲ့ ဥပဒေမူကြမ်းကိုလက်မှတ်ထိုးပေးလိုက်လို့ သမ္မတ ထရမ့်ကို ကျေးဇူးတင်တယ်လို့ ယူကရိန်း သမ္မတ ဇလန်းစကီးက ပြော။ - ရုရှားအစိုးရနဲ့နီးစပ်တဲ့ ရုရှားစီးပွားရေးသမားတယောက်ဟာ ဘဟားမားမှာ ကျင်းပခဲ့တဲ့ ဒေါ်နယ်ထရမ့် ဂျူနီယာရဲ့ နှစ်ရက်စာ မင်္ဂလာပွဲကို စိုက်ထုတ် ကျင်းပပေးခဲ့တာနဲ့ပတ်သက်လို့ ဒီမိုကရက်တွေက စုံစမ်းစစ်ဆေးနေချိန်မှာ သားဖြစ်သူ ဒေါ်နယ်ထရမ့် ဂျူနီယာဟာ သူ့မင်္ဂလာပွဲ ကုန်ကျစရိတ် ပြန်ဆပ်သွားမယ်လို့ ပြောကြောင်း သမ္မတ ထရမ့်က ဆိုပါတယ်။ - နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ ပါလက်စတိုင်း အရာရှိတွေကို ဗီဇာထုတ်ပေးဖို့ ငြင်းခဲ့တဲ့ အမေရိကန် အစိုးရ ဆုံးဖြတ်ချက်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ဥရောပသမဂ္ဂကပြော။ - အာရှ အားကစားပွဲတော်မှာ တောင်ကိုရီးယားနဲ့ ဘင်္ဂလားဒေ့ရှ် ကစားပွဲ မစခင် မြောက်ကိုရီးယား နိုင်ငံတော် သီချင်းဖွင့်မိလို့ ကန့်ကွက်ခံရ - အင်ဒိုနီးရှား တောမီးကို ကူငြိမ်းပေးဖို့ မလေးရှားက လေယာဉ်တစင်းနဲ့ မီးသတ် အယောက် ၅၀ ကျော် စေလွှတ် ကူညီ - ပါကစ္စတန်မှာ ကားဗုံးဖောက် တိုက်ခိုက်ပြီး အနားက ရဲစခန်း ဝင်စီးခဲ့လို့ လူ ၃၀ သေဆုံး တဲ့ အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
နေပြည်တော်ကို ထရမ့် အစိုးရကိုယ်စားလှယ်အဖွဲ့လာခဲ့တာ မြန်မာ့အရေး အမေရိကန် မူဝါဒ ပြောင်းလဲ သ
2026/09/18
USDP ကြံ့ခိုင်ရေးပါတီ ညီလာခံကို အစိုးရကက်ဘိနက် အဖွဲ့ဝင်တွေမတက်ဖို့ သမ္မတရုံး တားမြစ်
ကုလညီလာခံလာတက်မယ့် ပါလက်စတိုင်း သမ္မတ မဟ်မုဒ်အဘတ်စ်ကို ဒီနှစ်မှာလည်း အမေရိကန်က ပြည်ဝင်ခွ
2026/09/17
မြန်မာကို မူးယစ်ဆေး အဓိကထုတ်တဲ့ နိုင်ငံတွေစာရင်းထဲ အမေရိကန်သမ္မတ ထရမ့် ဆက်လက်ထားရှိ
တယ်လီနောကို မြန်မာစစ်တပ် ကြံရာပါအဖြစ် နော်ဝေအစိုးရ စွဲချက်တင်တဲ့ အပေါ် မြန်မာ့အရေးလှုပ်ရ
2026/09/16
ကနေဒါကို ဥရောပ သမဂ္ဂ အီးယူရဲ့ ဆက်စပ် အဖွဲ့ဝင် ဖြစ်လာဖို့ အီးယူဘက်က ပြင်ဆင်နေ
တယ်လီနောကို မြန်မာစစ်တပ်ရဲ့ ကြံရာပါ အနေနဲ့ နော်ဝေအစိုးရ စွဲချက်တင်
2026/09/15
စက်တင်ဘာလ ၁၅ ရက်၊ အင်္ဂါည ဘီဘီစီမြန်မာပိုင်း ရေဒီယိုအစီအစဉ် တိုက်ရိုက် ထုတ်လွှင့်မှု - တယ်လီနောကို မြန်မာစစ်တပ်ရဲ့ ကြံရာပါ အနေနဲ့ နော်ဝေအစိုးရ တရားစွဲ၊ တယ်လီနော အော်စလိုမြို့ ရုံးချုပ်ကို နော်ဝေရဲတပ်ဖွဲ့ ဝင်စီး၊ အာဏာသိမ်း မြန်မာ စစ်တပ်ကို တယ်လီနော ဖုန်းဆင်းကတ် သုံးသူတွေရဲ့ အချက်အလက်တွေ မျှဝေခဲ့တာဟာ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ မြောက်တယ်လို့ နော်ဝေ အာဏာပိုင်တွေ စွဲချက်တင် - ရခိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲ စစ်တပ်က ကြည်း၊ရေ၊လေ စစ်ဆင်ရေးတွေ လုပ်ပြီး တိုက်ခိုက်နေ။ စစ်တွေနဲ့ ကပ်ရက်မှာ ရှိလို့ ဗျူဟာမြောက် လုပ်နေတာလို့ စစ်ရေး အကဲခတ်တွေပြော - ယူကရိန်းနဲ့ ရုရှား နှစ်ဖက်စလုံး စွမ်းအင်ကဏ္ဍတွေကို ပစ်မှတ်ထား တိုက်ခိုက် တာမျိုး မလုပ်ဖို့ သဘောတူထားတယ်လို့ အမေရိကန် သမ္မတထရမ့်က ပြောတဲ့ ရက်မှာပဲ၊ ညလုံးပေါက် အပြန်အလှန် တိုက်ခိုက်တာတွေထဲ စွမ်းအင်ကဏ္ဍ ဆိုင်ရာ နေရာတွေ ပါဝင် - ယီမင်မှာ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရတပ်နဲ့ အီရန် ကျောထောက် နောက်ခံပြု ဟူသီ အဖွဲ့ တိုက်ပွဲ ဆက်လက် ပြင်းထန်၊ ဆော်ဒီအာရေဗျကလည်း ဟူသီပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်လုပ် - ဂါဇာ အပျက်အစီးပုံတွေအောင် ရုပ်အလောင်းတွေ ရာနဲ့ချီ ထပ်တွေ့ လာပြန်တဲ့ အတွက် အစ္စရေးစစ်တပ်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်ခြေ ရှိခဲ့တာကို ပြနေတာပဲလို့ ကုလ လူ့အခွင့်အရေး မဟာမင်းကြီး ဗော်လ်ဂါတုခ်ပြော၊ နိုင်ငံတကာ စုံစမ်းရေးသမားတွေ ဂါဇာထဲက နေရာအနှံ့ကို ဝင်နိုင်ဖို့လိုတယ်လို့လည်း တောင်းဆို ..... စတဲ့ ထိပ်တန်းရောက် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကို လန်ဒန် မြို့တော်ကနေ တိုက်ရိုက် ထုတ်လွှင့်နေပါတယ်။ ဒီည တင်ဆက်သူကတော့ ကိုဝေဖြိုး ဖြစ်ပြီး၊ စတူဒီယို မန်နေဂျာကတော့ ဗိုလိုဒီမီယာ မိုဇဂျ်ကာ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို ည ၈ နာရီကနေ ၈နာရီခွဲအထိ လှိုင်းတိုမီတာ ၂၂ ကီလိုဟာ့တ်ဇ် ၁၃၇၄၀ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
ကုလမျက်နှာစာကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖယ်ရှား ဖမ်းဆီးရေး နေပြည်တော် လုပ်မယ်ဆိုတ
2026/09/14
စက်တင်ဘာလ ၁၄ ရက်၊ တနင်္လာည ဘီဘီစီမြန်မာပိုင်း ရေဒီယိုအစီအစဉ် နောက်ဆုံးရ သတင်းများ - ကုလမျက်နှာစာကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖယ်ရှားပြီး ဖမ်းဆီးနိုင်ရေး လုပ်မယ်လို့ နေပြည်တော် အာဏာပိုင်တွေ ပြောနေတာ လက်တွေ့ ဖြစ်နိုင်လား - စစ်တပ်ရဲ့ ထောက်ပို့ ရေယာဥ်တွေကို ဧရာဝတီမြစ်ထဲ KIA နဲ့ ပူးပေါင်းအဖွဲ့တွေ ထပ်မံ တိုက်ခိုက်လို့ သင်္ဘော ၃ စင်း မီးလောင်ကြောင်း KIA ပြော - ရန်ကုန် စမ်းချောင်းထဲက ဘားခန်း မီးလောင်မှု၊ ခန အတွင်း မီးကြီးပြီး လူ့အသက်တွေ ဆုံးရှုံးရတဲ့ အထိ ဘာလို့ ဖြစ်ခဲ့တာလဲ ... ဘာတွေ သတိထားရမလဲ - ပြည်တွင်း မြေပဲဆီ စျေးတွေ ဘာ့ကြောင့် ခုန်တက်နေသလဲ .... - ပိုလန်နဲ့ နယ်စပ်အနီး ယူကရိန်း ရထားကို ရုရှားက တိုက်ခိုက်တာဟာ ဥရောပ နိုင်ငံတွေ အားလုံးကို ခြိမ်းခြောက်တာလို့ အီးယူ ပြော - ဟော်မုဇ် ရေလက်ကြား ပိတ်နေချိန် ပင်လယ်နီ ဆိပ်ကမ်းတွေဆီ ရေနံ သယ်ပေးနေတဲ့ ဆော်ဒီအာရဗျ ပိုက်လိုင်းကြီး တိုက်ခိုက် ခံလာရလို့၊ ဆော်ဒီက ပိတ်ချ၊ ရေနံစိမ်း စျေး နောက်တချီ ထပ်တက် .... စတဲ့ ထိပ်တန်းရောက် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကို လန်ဒန် မြို့တော်ကနေ တိုက်ရိုက် ထုတ်လွှင့်နေပါတယ်။ ဒီည တင်ဆက်သူကတော့ ကိုဝေဖြိုး ဖြစ်ပြီး၊ စတူဒီယို မန်နေဂျာကတော့ ရပ်ဆဲလ်နျူးလဗ် ဖြစ်ပါတယ်။ ------------------------------------------------------------- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို ည ၈ နာရီကနေ ၈နာရီခွဲအထိ လှိုင်းတိုမီတာ ၂၂ ကီလိုဟာ့တ်ဇ် ၁၃၇၄၀ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
ကုလကိုယ်စားလှယ်ရုံးကို ဦးကျော်မိုးထွန်း သိမ်းထားကြောင်း နေပြည်တော် ပြော၊ အထည်ချုပ်စက်ရ
2026/09/13
အင်ဒိုနီးရှားမှာ သင်္ဘော မှောက်လို့ လူတရာ ကျော် ပျောက်နေ
မြန်မာအလုပ်သမားကို လစာအပြည့်မပေးလို့ ဂျပန် အလုပ်ရှင်ကို တရားစွဲ၊ မြစ်ဆုံ ပတ်၀န်းကျင် ပျက်
2026/09/12
အိုင်ယာလန်ကျွန်းပေါင်းစည်းရေးကို မြင်လိုကြောင်း ဒေါ်နယ်ထရမ့် ပြောကြား
အမေရိကန် အထူးသံတွေ မော်စကိုကနေ ကိယက်ဗ်ကို ရောက်လာပြီ၊ ပူတင်နဲ့ဆွေးနွေးပွဲမှာ ရုရှားကအလျှ
2026/09/06
ဧရာဝတီမြစ်ကြောင်းတလျှောက် စစ်တပ်က ထောက်ပို့ရေယာဥ်တွေ အစင်း ၃၀ကျော် ထပ်ပြီးစေလွှတ်
ရုရှား-ယူကရိန်းစစ် အဆုံးသတ်ရေး သမ္မတထရမ့်ရဲ့ နောက်တချီ ကြိုးစားမှုအဖြစ် အမေရိကန်အထူးသံတွ
2026/09/05
ကျားဖြန့်လုပ်တဲ့တရုတ်လူမျိုးတွေမြန်မာနဲ့ကပ်ရက်ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယထဲကနေရာတွေထိရောက်လာ
ပြည်ပကနေကားသွင်းလိုသူတွေအတွက် နိုင်ငံခြားငွေရောင်းပေးမှု အခုရက်ပိုင်းရပ်ဆိုင်းထားတယ်ဆ
2026/09/04
- နီပေါ ရုတ်တရက်ရေကြီးမှုအပြီး ကိုးရက်အကြာ အသက်ရှင်လျက် လူနှစ်ဦးကို ကယ်ဆယ်နိုင် - ပြည်ပကနေ ကားတင်သွင်းလိုသူတွေအတွက် နိုင်ငံခြားငွေရောင်းပေးမှု အခုရက်ပိုင်း ရပ်ဆိုင်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်အပြီး ကားစျေးကွက်အခြေအနေ - ပြည်ပနိုင်ငံတွေဆီ နည်းမျိုးစုံနဲ့ထွက်ခွာနေကြတဲ့ မြန်မာပြည်သားတွေ လူကုန်ကူးအဖွဲ့တွေရဲ့ အဓိကပစ်မှတ် ဖြစ်လာနေ - ထန်းတစ်ပင်မြို့နယ်က တရုတ်ပိုင် ထိန်ဟွေ့သိုးမွေးစက်ရုံ ‌အထည်အော်ဒါတွေ ကျဆင်းလာလို့ စက်တင်ဘာလကုန်မှာ ပိတ်သိမ်းတော့မယ် - အမေရိကန်မှာ ဒီဇယ်ဆီစျေး ပျမ်းမျှ တစ်ဂါလံကို ၆ ဒေါ်လာနီးပါး အထိ စံချိန်တင် မြင့်တက်သွား - ဖိလစ်ပိုင် ဒုသမ္မတ ဆာရာ ဒူတဲတေးကို ဖမ်းဆီးဖို့ ဖိလစ်ပိုင်တရားရုံး အမိန့်ချမှတ်
KIAနဲ့ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်လို့ စစ်တပ်သင်္ဘောတချို့ ပျက်စီးပြီး၊ သုံ့ပန်းရာချီဖမ်
2026/09/03
အင်ဒိုနီးရှားတောမီးကထွက်လာတဲ့ ဘေးဥပါဒ်ဖြစ်စေတဲ့မြူခိုးတွေဒေသတွင်းနိုင်ငံတွေမှာ ပျံ့နှံ့နေ
PDF တွေကို တော်လှန်ရေးရန်ပုံငွေတွေထောက်ပံ့ပေးနေတဲ့ ထောက်ပို့တွေ ပြီးခဲ့တဲ့နှစ်လအထိ ကာလအတွ
2026/09/01
- ဟားမတ်စ် ထိပ်တန်းခေါင်းဆောင်တစ်ဦးကို ဖမ်းမိထားတယ်လို့ အစ္စရေးပြော - အောက်တိုဘာလ ၇ ရက် ဟားမတ်စ် တိုက်ခိုက်မှုကို အစ္စရေးအတိုက်အခံပါတီခေါင်းဆောင် ကြိုသိနေတယ်လို့ ဝန်ကြီးချုပ်ကတော် ပြော - PDF တပ်ဖွဲ့တွေကို တော်လှန်ရေးရန်ပုံငွေတွေ ထောက်ပံ့ပေးနေတဲ့ ထောက်ပို့တွေ ပြီးခဲ့တဲ့ နှစ်လအထိကာလအတွင်း ဦးရေ ငါးသောင်းခွဲနီးပါး လျော့နည်းသွား - မြန်မာနိုင်ငံတွင်း HIV ပိုးကူးစက်မှုအခြေအနေ - ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်နဲ့ဆက်ဆံရေးကောင်းတဲ့ ရှမ်းလက်နက်ကိုင်တပ်တွေနဲ့ စစ်တပ်အကြား ပြီးခဲ့တဲ့လအတွင်း တိုက်ပွဲတွေဖြစ် - တောင်ကိုရီးယားမှာ လူပျောက်အမှုတွဲတွေကို မစုံစမ်းဘဲ အမှုပိတ်ခဲ့တဲ့ လူပျင်းရဲအရာရှိတစ်ဦးကို ဖမ်းဆီး အရေးယူ
လူမပြည့်လို့ စစ်မှုထမ်းသင်တန်းတွေဖွင့်ဖို့ မနည်းကြိုးစားနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခ
2026/08/31
- ရုတ်တရက်ရေကြီးမှုအပြီး နီပေါနိုင်ငံက ကယ်ဆယ်ရေးအခြေအနေ - လူမပြည့်လို့ စစ်မှုထမ်းသင်တန်းတွေဖွင့်ဖို့ မနည်းကြိုးစားနေရတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ချိန် လူငယ်တွေ ပျောက်ဆုံးနေ - ရွှေကူမြို့နားမှာ ရိက္ခာတွေသယ်လာတဲ့ စစ်တပ် သင်္ဘောတချို့ကို ကေအိုင်အေ တိုက်ခိုက် - ထိုင်းမှာ ဥပဒေ ချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်နိုင်တဲ့အမိန့် သြဂုတ်လ ၂၈ နေ့က စအသက်ဝင် - ပါကစ္စတန်နဲ့ အိန္ဒုမြစ်ခွဲဝေအသုံးပြုရေး သဘောတူချက်ကို လိုက်နာဖို့ အိန္ဒိယကို နိုင်ငံတကာ တရားရုံး အမိန့်ပေး - ကျွန်စနစ်ကနေ အကျိုးအမြတ်ရခဲ့တဲ့ နိုင်ငံတွေအနေနဲ့ လျော်ကြေးပေးမှုတွေ လုပ်ရေးကို ဥပဒေကြောင်းအရ မဖြစ်မနေလိုက်နာသင့်ကြောင်း ကုလသမဂ္ဂ ကော်မတီက ညွှန်ကြား

Podcast reviews

Read ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် podcast reviews


4.3 out of 5
123 reviews
★☆☆☆☆
Sonia A. Singh 2022/01/30
Delayed podcast delivery
You guys seem to skip work on weekends or aren’t there any news to report on weekends? I have to wait till noon to listen to your not more than 15 min...
★★★★★
ZauGun 2020/05/05
thnaks
thank you BBC for making podcasts. It’s so good to listen to the news on podcasts. It’s easy to download and listen to it everywhere anytime.
★★★★★
Cin Tun 2020/04/14
Good Vibes
အခုလို လုပ်ပေးထားတာ အရမ်းကောင်းပါတယ်။
★★★★★
Luzia Chao 2020 2020/04/08
နားထောင်ရတာအဆင်ပြေတယ်
နားထောင်ရတာ အရမ်းအဆင်ပြေပါတယ်။
★★★★★
SN😆 2020/03/30
Hi
Happy
check all reviews on apple podcasts

Podcast sponsorship advertising

Start advertising on ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် relevant audience podcasts


What do you want to promote?